အခန်း (748)

899 147 2
                                    

အခန်း (၇၄၈)  :   ကောင်းကင်ဘုံ အလွန် မြို့ငယ်လေးအတွင်း လူသစ်လေး

“ အင်မော်တယ်ရောင်းရင်း လော့စီ …. အဲဆို ဒီနေရာမှာ ဈေးဆိုင် ဘယ်လိုဖွင့်ရမလဲဆိုတာကိုရော သိလား ” မိုဝူကျိက ကောင်းကင်ဘုံအလွန်မြို့သည် တော်ဝင် ကျင့်ကြံနယ်မြေတစ်ခု ဖြစ်ကြောင်း နားလည်သဘောပေါက်ပြီးနောက် သူက ဤနေရာ၌ ခြေကုပ်ရဖို့ရာ အလျှင်လိုနေလေ၏။

ယွမ်ကျယ်နှင့် တိုက်ခိုက်ပြီးနောက် သူက အလွန်အားနည်းနေကြောင်း သေချာသိသွားမိသည်။

လော့စီက မိုဝူကျိအား နေရခက်စွာ ကြည့်လိုက်ပြီးနောက် ခဏတုံ့ဆိုင်းနေကာ

“ မဖြစ်နိုင်တာ မဟုတ်ဘူးဆိုပေမဲ့ အရမ်းခက်တယ်။ ပထမနည်းလမ်းက ကောင်းကင်ဘုံ အလွန်မြို့အတွက် အရောင်းအဝယ် စီမံခန့်ခွဲရေးမှာ  ဝင်ပြီးတော့ လာဘ်ထိုး … အဲဆို သူတို့ဆီက အကူအညီ ရနိုင်တယ်။ သူတို့က ဘယ်ဈေးဆိုင်တွေက စာချုပ်သက်တမ်းပြည့်တော့မှာ၊ ဘယ်ဆိုင်တွေက ပြန်စာချုပ် ချုပ်ထားပြီးပြီလဲဆိုတာတွေကို အသိဆုံးပဲလေ ”

မိုဝူကျိက တအံ့တဩ မေးလိုက်သည်  “ အဲဆို ဆိုင်ပိုင်ရှင်တွေက ဆိုင်ကို ဆက်အုပ်ချုပ်ခွင့် တစ်ခုပဲ ရှိတာလား။ ကျန်တဲ့အခွင့်အရေးတွေက စီမံခန့်ခွဲရေးက ပိုင်တာလား ”

လော့စီက ခေါင်းခါကာ

“ အဲလိုတော့ မဟုတ်ဘူး။ လူတစ်ယောက်က ဆိုင်ကို ဝယ်တော့မယ်ဆိုရင် လူတစ်ယောက်ရဲ့ ကိုယ်ပိုင်ပစ္စည်း ဖြစ်လာတာလေ။ ဒါပေမဲ့ ပိုင်ရှင်က ကောင်းကင်ဘုံအလွန်မြို့ကို သုံးနှစ်အတွင်း ပြန်ရောက်မလာခဲ့ရင် သူ့ဆိုင်ကို စီမံခန့်ခွဲရေးက အပိုင်သိမ်းပြီးတော့ တခြားသူဆီ ဌားတာဖြစ်ဖြစ်၊ ရောင်းတာဖြစ်ဖြစ် လုပ်လို့ ရသွားပြီ။

တကယ်တော့ ကောင်းကင်ဘုံအလွန်မြို့ကနေ ထွက်သွားမယ်ဆိုပြီး ရယ်ရွယ်ထားတဲ့ လူတွေက သူတို့ဆိုင်ကို ရောင်းမဲ့အကြောင်း စီမံခန့်ခွဲရေးဆီ လှမ်းအကြောင်းကြားရတယ်

ဒါပေမဲ့ စီမံခန့်ခွဲရေးက လူတွေက အသိတရားရှိတဲ့လူတွေ မဟုတ်ဘူး။ သူတို့က အကျိုးမြတ်ကိုပဲ တွက်ချက်နေကြတာ။ လူနှစ်ယောက်က သူတို့ကို ပစ္စည်းတွေ လက်ဆောင်ပေးမယ်ဆိုရင်တောင် တန်ဖိုးမြင့် ပေးတဲ့သူကိုပဲ သူတို့က ကူညီပေးလိမ့်မယ်။

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora