အခန်း (741)

859 138 3
                                    

လူသားသစ္စာ 54 လိုက်ပွဲ

အခန်း (၇၄၁)  :  တပည့်တစ်ယောက် လက်ခံခြင်း

မိုဝူကျိက တည်းခိုဆောင်မှ ထွက်လာပြီးနောက် သူ့ဆေးဆိုင်ဆီ ပြန်မသွားတော့ဘဲ စူးခရာအင်မော်တယ် မြို့ဟောင်းမှ ထွက်ခွာသွားလိုက်တော့သည်။

ကျင်းယူ၏ လက်ရှိစုံစမ်းစစ်ဆေးမှုမှာ စုရိုအာနှင့် တုံ့ဟွားလုံတို့ ပါဝင်နေသည့်အပြင် အင်မော်တယ် ဧကရီ ဝမ်လန်၏ စကားများကလည်း သူ့အား အလျှင်လိုစေလေ၏။ အချိန်တိုလေးအတွင်း သူ့အင်အားကို အမြန်အဆန် တိုးလာစေရမည်။ မိုဝူကျိက ဖင်းဖန်သို့  ပြန်ကာ ဝမ်ဟို့အား ဝမ်လျန်ရှီးကို ကျန်ရစ်နေခိုင်းဖို့ရာ မြန်မြန် သွားပြောပြချင်မိသည်။

သူက တပည့်လက်ခံသည့် ကန့်သတ်ချက်များကို လျော့ချလိုက်မှန်း သိသော်လည်း အထက်ဘုံက မသွားလိုသည့် တစ်ယောက်ယောက်အား အတင်းခေါ်မည် မဟုတ်ကြောင်း သိနေသည်။ ဝမ်လျန်ရှီးသာ အထက်ဘုံသို့ သွားဖို့ရာ ဆန္ဒမရှိတော့လျှင် သူမက မည်မျှ ပါရမီကောင်းနေစေကာမူ အထက်ဘုံက သေချာပေါက် ဖိအားပေးမည် မဟုတ်ချေ။ ထို့အပြင် အထက်ဘုံသို့ သွားဖို့ရာ စိတ်ဝင်စားနေကြသည့် လူများစွာ ရှိနေသေးသည် မဟုတ်ပါလော။

“ ကျမရဲ့ အစ်ကိုကြီးကို သတ်ခဲ့တဲ့သူကို ဖော်ပြပေးခဲ့တဲ့အတွက်  အစ်ကိုမိုကို ကျေးဇူးတင်ပါတယ် ” ထန်းနီနီက သူတို့ သင်္ဘောပျံပေါ် ရောက်ရှိလာသည့်အခါ  ကျေးဇူးတင်လိုက်သည်။

မိုဝူကျိက ထန်းနီနီအား ဝူမိန်ဆီမှ ရလာသော သိုလှောင်လက်စွပ်ကို ပေးကာ

“ ငါ မြင်လိုက်တာက တိုက်ဆိုင်မှုတစ်ခုပါ။ ဝူမိန်က မင်း အစ်ကိုကို သတ်ချင်တာ ဒီလက်စွပ်ထဲမှာ ပါတဲ့ ပစ္စည်းတွေကြောင့်ပဲ။ ငါ စောစောလေးက ကြည့်ကြည့်လိုက်တော့ အထဲက ပစ္စည်းက မရိုးရှင်းမှန်း သိလိုက်လို့ မင်းဆီ ပြန်ပေးလိုက်တာ ”

ထန်းနီနီက မြန်မြန် ဖြေရှင်းကာ

“ ကျမ ဒါကို လက်မခံနိုင်ဘူး။ ဒါက ဂိုဏ်းချုပ် ယူပေးတာဆိုတော့ ကျမအပိုင် မဟုတ်တော့ပါဘူး။ ဂိုဏ်းချုပ်ပဲ သိမ်းထားလိုက်ပါ”

လူသားသစ္စာ (701-900)Onde histórias criam vida. Descubra agora