အခန်း (711)

816 149 2
                                    

လူသားသစ္စာ စာစဉ် (52)

အခန်း  (၇၁၁)  :  ဓားအကျဉ်းထောင်မှ ထွက်ခွာခြင်း

ဟန်ချင်းရုက ကျင့်ကြံဆင့် အနိမ့်ဆုံး ဖြစ်သောကြောင့် မိုဝူကျိဘေးမှ အနီးကပ် လိုက်ပါလာသည်။ တခြားလူများကလည်း ကျန်ရစ်မနေချင်ကြပေ။ ဂိုဏ်းချုပ်က သူ့စွမ်းအားစက်ကွင်းမှာ ဆယ်မီတာအထိ ဖြန့်ကျက်နိုင်ကြောင်း ပြောထားလေရာ သူတို့သာ ထိုဆယ်မီတာ အပြင်ဘက် ရောက်သွားပါက ဓားစွမ်းအင်ကြောင့် ချက်ချင်းဆိုသလို တစစီ ဖြစ်သွားလိမ့်မည်။

ဓားစွမ်းအင်မြစ်ထဲ ဝင်မည့်လူများမှာ နှလုံးခုန် မြန်ဆန်နေကြသည်။ သူတို့တစ်ကိုယ်လုံး မြစ်ထဲ ဝင်လိုက်သည်နှင့် ဓားစွမ်းအင် တစ်စက်လေးမှ မခံစားမိကြောင်း သိရှိလိုက်ရသည်။ ထိုအခါမှ သူတို့က  စိတ်ပေါ့ပါးသွားပြီး  သိသိသာသာ စိတ်လေးလံမှုများ လျော့ကျသွားတော့သည်။

ဓားစွမ်းအင်မြစ်မှာ အရမ်း မနက်ပေ။ အားလုံး မြစ်ထဲ ဆင်းသွားပြီးနောက် မိုဝူကျိက အင်မော်တယ် သဘာဝစွမ်းအားများကို ထုတ်ကာ ဘေးပတ်လည်မှ ရေများကို ဖယ်ရှားကာ  လမ်း ဖြစ်စေလိုက်၏။  ထိုစဉ် အားလုံးက မာကြောတောင့်တင်းသည့် မြစ်ကြမ်းပြင်ပေါ် ရောက်ရှိသွား၏။

“ ကောင်းလိုက်တဲ့ ဓား …” အားလုံးက မြစ်ကြမ်းပြင်တွင် စိုက်နေသော ဓားရှည်ကို မြင်လိုက်ကြသည်။

အားလုံးက ထိုဓားရှည်ကို မြင်သောအခါ သူတို့က ဓားအကျဉ်းထောင် တည်ရှိနေသည့် အကြောင်းအရင်းကို နားလည်သဘောပေါက်သွားကြ၏။ ထိုဓားရှည်ကြောင့်သာ ဖြစ်၏။ ထိုဓားရှည်က မည်မျှ အားကောင်းနေမှန်း တွေးကြည့်၍ ရပေသည်။ အကယ်၍ သူတို့သာ ဤဓားရှည်ကို ရရှိသွားပါက  အင်မော်တယ်လောက တစ်ခုလုံး၌ နံပါတ်တစ် မှော်ရတနာ ဖြစ်လာလိမ့်မည်။

“ အားလုံး ကြည့်မနေနဲ့တော့ …. ကျုပ်တောင် အဲဒီဓားကို မယူနိုင်ဘူးဆိုတာ့ တွေးမနေကြနဲ့တော့။ ပိုင်ယဲ့ မြန်မြန် ထွက်လမ်းကို ရှာ …. ဓားစွမ်းအင်မြစ်ထဲမှာ ငါတို့က အချိန်ကန့်သတ်ချက် ရှိတယ် ….” မိုဝူကျိက အားလုံး၏ လောဘတကြီး ဖြစ်နေသည့် အတွေးများကို နှောင့်ယှက်လိုက်လေ၏။

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora