အခန်း (792)

785 163 1
                                    

အခန်း  (၇၉၂)  : အင်မော်တယ်လောကမှ အန္တရာယ်

အေးစိမ့်စိမ့် ရေများက  မိုဝူကျိပေါ် ရောက်လာသည်နှင့် သူ့တစ်ကိုယ်လုံးမှာ သက်တောင့်သက်သာ ဖြစ်သွားလေ၏။ သူက နတ်ဘုရား ရုပ်ခန္ဓာ ကျင့်စဉ်ကို လှည့်ပတ်ကြည့်ဖို့ ကြိုးစားကြည့်လိုက်ပြီးနောက်  ထိုအေးစက်စက် ကန်ရေက သူ့ခန္ဓာကိုယ်အတွင်းမှ အညစ်အကြေးများကို စတင် ဖယ်ရှားပေးနေသည်။

မိုဝူကျိက စိတ်ထဲ ပျော်ရွှင်မှုများ ကြီးစိုးလာမိသည်။ သူက ရေကန်ကိုယ်တိုင်က ရတနာ ဖြစ်နေလိမ့်မည်ဟု မထင်ထားပေ။ အပေါ်ယံ၌ ရေကန်မှာ အခြားသော ရေကန်များကဲ့သို့ သာမာန်နှင့် တူပြီး သူ့စိတ်စွမ်းအား၌ပင် ခြားနားချက်ကို အာရုံမခံမိပေ။ သူ ရေကန်ထဲ ဆင်းလိုက်သည်နှင့် မိုဝူကျိက ဤရေကန်မှာ သူ့ရုပ်ခန္ဓာ လေ့ကျင့်ဖို့ရာအတွက် အကောင်းဆုံးနေရာ ဖြစ်ကြောင်း သေချာပေါက် သိလိုက်ရသည်။ ဤရေကန်မှာ သာမာန် မဟုတ်ချေ။

အကယ်၍ မိုဝူကျိက ရုပ်ခန္ဓာ လေ့ကျင့်မှုကို ပြန်မစတင်ခင် ဤရေကန်ထဲ၌   သူ့ခန္ဓာကိုယ်ကို နှစ်အနည်းငယ်လောက် သန့်စင်လိုက်ပါက အာနိသင်မှာ နောက်တဆင့် ရောက်သွားမည် ဖြစ်၏။ တူညီလှစွာ သူက ရုပ်ခန္ဓာလေ့ကျင့်ပြီး ခန္ဓာကိုယ် သန့်စင်ခြင်းမှာလည်း အကျိုးသက်ရောက်မှု ရှိလေသည်။

သူက နတ်ဘုရား ရုပ်ခန္ဓာအဆင့် ၇ ကျင့်ကြံသူ ဖြစ်လေရာ သူ့လိုမျိုး ရုပ်ခန္ဓာအဆင့်ကို သန့်စင်ပေးနိုင်သည့်အထိ ဤရေကန်မှာ မည်မျှ ဆန်းကြယ်နေသနည်း။

ဒီ ဖျံကြီးက ဘဝကို ဘယ်လိုနေထိုင်ရမယ်ဆိုတာ ကောင်းကောင်း သိတာပဲ ….

မိုဝူကျိက သားရဲတော်တော်များများက  ဤရေကန်၏ ကောင်းကင်ဘုံ သွေဖယ်နေသည့် အချက်ကို သတိမပြုမိကြကြောင်း ခန့်မှန်းမိလိုက်သည်။ မဟုတ်လျှင် သူတို့အားလုံး ရောက်လာကာ ဤနေရာ၌ တိုက်ပွဲ ဖြစ်နေလောက်လေပြီ။

သို့သော် လူဝံကြီးတော့ သိရမည် …. မဟုတ်လျှင် ရောက်လာစရာ အကြောင်းမရှိပေ။

မိုဝူကျိက ရေကန်တစ်ခုလုံးကို ထာဝရ ကမ္ဘာထဲ ထည့်ဖို့ရာ တွေးမိသွားစဉ် အစိမ်းရောင် အပင်လေး တစ်ပင် မျက်စိရှေ့မှောက် ပေါ်လာသည်။

လူသားသစ္စာ (701-900)Opowieści tętniące życiem. Odkryj je teraz