အခန်း (861)

731 152 0
                                    

အခန်း (၈၆၁) - အမြစ်ဖြတ်ချေမှုန်းခြင်း

ကမ္ဘာကြီး တစ်ခုလုံးမှာ ထိုလက်ချောင်းအောက် ကျရောက်သွားလေ၏။ ထိုလက်ချောင်းက သက်ရှိ ကမ္ဘာတစ်ခုလုံးကို ထိန်းချုပ်ထားလေသည်။  ထိုစဉ် မူလစည်းမျဉ်းများက ကြေမွသွားပြီး တာအိုစွမ်းအားများက အသစ်တစ်ဖန် စုစည်းသွားသည်။ ထိုလက်ချောင်းက သက်ရှိလောကအတွင်း မိုးမြေကို ပြောင်းလဲပစ်လိုခြင်း ဖြစ်ကာ ထိုလက်ချောင်း၏ ပိုင်ရှင်က သေခြင်းရှင်ခြင်းနှင့် အသစ်တစ်ဖန် ပြန်လည်ဝင်စားခြင်းတို့ကို ထိန်းချုပ်နိုင်သွားလိမ့်မည်။

“ ဝုန်း ”

လိန်ကူယွင်က သူ၏ လျှပ်စီးတူကြီးကို ထုတ်ကာ ထိုလက်ချောင်းကို ခုခံကာကွယ်ရန်အတွက် လျှပ်စီးအလုံးကြီးအဖြစ် ပြောင်းလဲလိုက်သည်။ ထိုလက်ချောင်းကြောင့် မဟုတ်လျှင် ဤတူကြီးအောက်ရှိ ကမ္ဘာမှာ သူ လိန်ကူယွင်၏ ကမ္ဘာဖြစ်ပြီး သူ လိန်ကူယွင်၏ စည်းမျဉ်းများအောက်တွင် ရှိပေလိမ့်မည်။

ထိုအခါ သူက မိုဝူကျိအား သူ့တူကြီးအောက်တွင် အမှုန့်ဖြစ်အောင် လုပ်နိုင်ပေလိမ့်မည်။

သို့သော်လည်း မိုဝူကျိ၏ လက်ချောင်းအောက်တွင် ဤမိုးမြေက လောကတစ်ခု ဖြစ်လာပြီး စည်းမျဉ်းများမှာ သူ့လျှပ်စီးတူဆီ မဟုတ်ဘဲ ထိုလက်ချောင်း၏ ဆုံးဖြတ်မှုကို ခံယူနေကြသည်။

လျှပ်စီးအလုံးကြီး အတွင်းမှ စည်းမျဉ်းများမှာလည်း တစ်စစီ ကြေမွသွားပြီး ပေါက်ကွဲထွက်သွားကာ လေထဲ၌ လျှပ်စီးအလင်းများ ပျံ့နှံ့သွားလေသည်။

“ ရွှပ် ”

လိန်ကူယွင်၏ နဖူးအလယ်တည့်တည့်တွင် အပေါက်တစ်ပေါက် ဖြစ်သွားလေသည်။ ထိုစဉ် သူ့ကမ္ဘာဦး စိတ်ဝိညာဉ်မှာလည်း ခြောက်သွေ့သွားပြီး သူ့အသက်ဓာတ်များမှာလည်း အလျင်အမြန် ဆုတ်လျော့လာကြသည်။

“ အားကောင်းလိုက်တာ…”

လိန်ကူယွင်၏ မျက်ဝန်းများက စတင် အသက်မဲ့လာ၏။ သူက မိုဝူကျိက လက်ချောင်းကို ခုခံကာကွယ်ဖို့ရာ လုံလုံလောက်လောက် အားမကောင်းခဲ့သောကြောင့် သေဆုံးရပေသည်။ သူ့မျက်ဝန်း၌ စိတ်ဆန္ဒနှင့် နောင်တတရားတို့ကို တွေ့နေရပေသည်။ သူက သူ၏ လျှပ်စီးဂိုဏ်းမှာ အဆုံးသတ်ပြီ ဖြစ်ကြောင်း သိလိုက်၏။

လူသားသစ္စာ (701-900)Où les histoires vivent. Découvrez maintenant