အခန်း (784)

781 154 5
                                    

အခန်း (၇၈၄)  :  နေဝင်ရိုက်ချက်

“ ရပ်စမ်း … ငါက နတ်ဘုရားမျိုးနွယ်စုရဲ့ သခင်လေးပဲ။ တကယ်လို့ မင်း ငါ့ကို သတ်လိုက်ရင် မင်း ပုန်းရမဲ့မြေ မရှိဘဲ ဖြစ်သွားမယ် ….” ဝူလီက အလောတကြီး အော်ပြောလိုက်သည်။ သူ့တွင် ထွက်ပြေးနိုင်သည့် နည်းလမ်း တချို့ ရှိသော်လည်း သူ့တာအိုအခြေခံဓာတ်ကို နှိုးဆွပစ်ရမည် ဖြစ်သည်။ အကယ်၍ သူ လုပ်ဆောင်လိုက်ပါက သူ့အတွက် ကြိုးကြိုးစားစား လုပ်ဆောင်ခဲ့ရသော ပါရမီများ ပြန်လည် ရဖို့ရာ ခက်ခဲပေဦးမည်။ ထို့အပြင် သူ့အရည်အချင်းကို တိုးမြင့်ရန် ဝိညာဉ်ကြောကိုလည်း ဝါးမျိုနိုင်စွမ်း ရှိတော့မည် မဟုတ်ပေ။

ထို့အပြင် သူက သတ်ဖြတ်ရေးအကွက်ကို ထုတ်ထားပြီးပြီ ဖြစ်ရာ သူ့သတ်ဖြတ်ရေး အကွက်မှာ သဲကျိုး ဖြစ်၏။

အာကာပြင်ထဲ၌ အလွန်တရာ ရှားပါးသော ပန်းပွင့်အမျိုးအစား ရှိပေသည်။ ထိုပန်းပွင့်ကို သဲကျိုးပန်းဟု ခေါ်ဆိုပြီး သဲကျိုးပန်းတွင် အဆင့် မရှိပေ။ အာကာပြင်ထဲ၌ အလွန်တရာ လှလှပပ ပွင့်လေ့ ရှိသော်လည်း သဲကျိုးအဖြစ် သန့်စင်လိုက်လျှင် ပြိုင်ဖက်ကင်း လက်နက် တစ်ခု ဖြစ်လာလိမ့်မည်။ အများစုက သဲကျိုးကို သိကြသော်လည်း လူတချို့သာ ရရှိနိုင်ကြသည်။ အကြောင်းမှာ ထိုပန်းပွင့်က အလွန်တရာကို ရှားပါး၍ ဖြစ်သည်။

သဲကျိုးမှာ လျို့ဝှက်တိုက်ကွက် မဟုတ်သော်လည်း လျို့ဝှက်တိုက်ကွက်များထက်ပင် ပိုကြောက်မက်ဖို ကောင်းလေသည်။ ဖြေဆေးမရှိသည့် အဆိပ် ဖြစ်နေသည်။ ကောလဟာလများအရ မည်မျှ အားကောင်းနေစေကာမူ  တာအိုဧကရာဇ် ဖြစ်နေလျှင်ပင် သဲကျိုးက တစစီ အမှုန့်အဖြစ် ပြောင်းလဲနိုင်စွမ်း ရှိပေ၏။ ထို့နောက် လေထုထဲ အစအနမရှိ ကွယ်ပျောက်သွားရမည်။

ဝူလီက အဆင့်မြင့် ကျင့်ကြံသူများကို ဆက်တိုက် စိမ်ခေါ်ရဲပြီး ဂုဏ်သတင်း မြင့်တက်လာသည့် အကြောင်းအရင်းတစ်ချက်လည်း ဖြစ်ပေသည်။ နောက်ထပ် အကြောင်းအရင်း တစ်ခုမှာ သူက လွတ်မြောက်နိုင်စွမ်း ရှိသည်ဟု အပြည့်အဝ ယုံကြည်ထား၍ ဖြစ်သည်။

သူက သူ့အား တားမြစ်လွတ်မြောက်ရေး နည်းစနစ်ကို ထုတ်သုံးအောင် ဖိအားပေးနိုင်သည့် သူကို တစ်ခါမှ မတွေ့ဖူးသလို သူ့သဲကျိုး ထုတ်သုံးရလောက်သည့် ပြိုင်ဖက်မျိုးလည်း မတွေ့ဖူးသေးပေ။

လူသားသစ္စာ (701-900)Nơi câu chuyện tồn tại. Hãy khám phá bây giờ