အခန်း (750)

799 135 0
                                    

အခန်း  (၇၅၀)  :  လုယက်ဖျက်စီးမှု

တစ်နာရီအကြာတွင် မိုဝူကျိ၏ စိတ်စွမ်းအားအတွင်း ကျယ်ပြောကာ အဆုံးမဲ့သည့် တွင်းနက်ကြီးတစ်ခု ပေါ်လာလေ၏။ ထိုတွင်းနက်ကြီးမှာ ဟင်းလင်ပြင်မှ အောက်သို့ ဆင်းကျလာသည့်အလား ဖြစ်ပေါ်လာကာ မြောက်များစွာသော ကျင့်ကြံသူများက အပြေးအလွှား ဝင်နေကြ၏။ မိုဝူကျိက ထိုတွင်းနက်ကြီးမှ မြေပေါ်သို့ ကျလာသော  အင်မော်တယ် ဆေးပင် တစ်ပင်၊ နှစ်ပင် တွေ့နေရသည်။ သို့သော်လည်း မည်သူကမှ ထိုဆေးပင်များကို ကောက်ယူဖို့ရာ စိတ်ထဲ မရှိကြဘဲ ထိုတွင်းနက်ကြီးဆီသို့သာ သွားနေကြသည်။

ဒါက စကြဝဠာနံရံကြီးကိုး ….

ဤစကြဝဠာနံရံကြီးက ရတနာများစွာနှင့် ပြည့်နေသည့် အကြောင်းအရင်းကို မည်သူမှ မသိကြပေ။

မိုဝူကျိ ပုံရိပ်မှာ ဖြတ်ခနဲ ပျောက်ကွယ်သွားလေ၏။ လေလွတ်မြောက်ရေး နည်းစနစ်ဖြင့် သူက စကြဝဠာနံရံကြီးအောက်မှ ကျနေသော ဝဲကတော့ကြီးဆီ ခုန်ဝင်လိုက်သည်။

သူက တွင်းနက်ကြီး ဝဲကတော့ထဲ ဝင်လိုက်သည်နှင့် မိုဝူကျိက တွန်းကန်အားကို ခံစားမိလိုက်သည်။ ထိုသည်မှာ သူ့အတွက် ပထမဆုံးအကြိမ် ဖြစ်သောကြောင့် နေသားမကျသေး၍ လွှင့်စင်သွားတော့မတတ် ဖြစ်သွား၏။

သို့သော်လည်း သူက ထိုအင်အားကို နေသားကျဖို့ရာ အချိန်ခဏမျှသာ လိုအပ်ပေသည်။

မိုဝူကျိက သူ့စိတ်စွမ်းအားကို ဖြန့်ကျက်ဖို့ ကြိုးစားလိုက်သော်လည်း သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းမှ ဖြစ်စေ၊ အသိစိတ်ပင်လယ်မှ ဖြစ်စေ စိတ်စွမ်းအားက လုံးဝကို ဖြန့်ကျက်၍ မရကြောင်း သိလိုက်ရသည်။

သူ့အမြင်က သုံးမီတာပတ်လည်ကို မြင်နိုင်သေးသောကြောင့် ကံကောင်းသွားတော့သည်။ သူက မြောက်များစွာသော ကျင့်ကြံသူများက အပေါ်ဘက်သို့ အရှိန်ဟုန်ပြင်းပြင်း သွားနေသည်ကို တွေ့လိုက်ရသည်။ ထိုစဉ် အစိမ်းရောင်ကျောက်တချို့နှင့် သတ္တုတချို့က မိုဝူကျိဆီ ကျရောက်လာကြသည်။ မိုဝူကျိက လက်တစ်ချက်အဝှေ့ဖြင့် ထိုအရာများကို သိုလှောင်လက်စွပ်ထဲ ထည့်သိမ်းထားနိုင်လိုက်၏။

လူသားသစ္စာ (701-900)Место, где живут истории. Откройте их для себя