အခန်း (859)

793 168 4
                                    

အခန်း (၈၅၉) :  ကျီချန်းလော့အား သတ်ဖြတ်ခြင်း

ဘုန်း … ဝုန်း ဝုန်း

ထိုလက်သီးချက်များအောက်တွင် သွေးမြူများ ဖြစ်ပေါ်လာသည်။ အကယ်၍ မိုဝူကျိက ထိုအင်မော်တယ်ဧကရာဇ် သုံးယောက်နှင့်ယှဉ်၍ လက်သီးချက် လေးချက်ကို အသုံးပြုခဲ့သည်ဆိုလျှင် ကျန်လူများအတွက် လက်သီးတစ်ချက်ကို အသုံးပြုခဲ့ခြင်း ဖြစ်၏။

ထို့အပြင် တစ်ဖက်လူ၏ တိုက်ခိုက်မှုမှာ မိုဝူကျိ၏ စွမ်းအားစက်ကွင်းကိုပင် ထိုးဖောက်ဝင်မလာနိုင်ပေ။

ထိုလက်သီးချက်များ အပြီးတွင် အင်မော်တယ်ဧကရာဇ်  သုံးယောက်၊ အင်မော်တယ်အုပ်စိုးသူ ငါးယောက်နှင့် အင်မော်တယ်ဘုရင် ခြောက်ယောက်လုံးမှာ ချွင်းချက်မရှိ အသတ်ခံလိုက်ရသည်။

မိုဝူကျိ လက်သီးနှစ်ချက် အသုံးပြုလိုက်ရသည့် တစ်ဦးတည်းသောသူမှာ အင်မော်တယ်ဧကရာဇ် နောက်ဆုံးအဆင့် ကျင့်ကြံသူ ဖြစ်၏။ မိုဝူကျိ၏ အားကောင်းလွန်းသော ဝဲကတော့ စွမ်းအားစက်ကွင်းအောက်တွင် အင်မော်တယ်ဧကရာဇ် နောက်ဆုံးအဆင့်မှာ မိုဝူကျိ၏ လက်သီးချက်ကြောင့် မသေဆုံးသွားခင် ရုန်းကန်ရုံမျှသာ လုပ်ဆောင်နိုင်ခဲ့သည်။

ထိုရိုးရှင်းလှသော လက်သီးချက် ငါးချက်ဖြင့် ကျင့်ကြံသူ ဆယ်ယောက်ကျော် အသတ်ခံလိုက်ရသည်။ ထိုတိုက်ခိုက်မှုများ၏ နောက်ကွယ်မှ အင်အားအကြောင်းကို ထည့်ပြောနေဖို့ပင် မလိုပေ။

တိကျမှုမှာ ပို၍ အံ့သြဖွယ်ကောင်းလှ၏။

မိုဝူကျိ၏ တိုက်ခိုက်မှု၌ လက်ကျန်ရှိနေသော စွမ်းအားဟူ၍ပင် မရှိပေ။ လက်သီးငါးချက် အပိုအလိုမရှိ ကွက်တိ ဖြစ်နေ၏။

ထိုစဉ် ဘေးတွင် ကြည့်ရှုနေသူများက အသက်ပင် ရဲရဲ မရှူရဲကြတော့ပေ။ သူတို့ တွေးမိလိုက်သည့် တစ်ဦးတည်းသောသူမှာ အထက်ဘုံ၏ တာအိုဧကရာဇ် ကျီချန်းလော့ ဖြစ်သည်။

ကျီချန်းလော့တွင်သာ ထိုသို့အင်အားမျိုး ရှိပေလိမ့်မည်။

သူတို့က ကျီချန်းလော့ကို တွေးမိလိုက်သည်နှင့် တချို့သူများမှာ မိုဝူကျိကို ဖမ်းဆီးခိုင်းသည့်သူမှာ ကျီချန်းလော့ ဖြစ်မည်မှန်း သိလိုက်ကြသည်။ အထက်ဘုံက မိုဝူကျိ၏ ဖမ်းဝရမ်း ထုတ်ထားသောသူများ ဖြစ်၏။

လူသားသစ္စာ (701-900)Où les histoires vivent. Découvrez maintenant