အခန်း (794)

780 159 0
                                    

အခန်း (၇၉၄)  : ရတနာသုံးသွယ် ဗုဒ္ဓဧကရာဇ်

“ ဝုန်း ” ကာကွယ်ရေး အစီအရင်၏ အပြင်ဘက်မှ တုန်ခါမှုကြောင့် ခန္ဓာကိုယ် လေ့ကျင့်နေသော မိုဝူကျိက အံ့အားသင့်မိသွားသည်။ သူက အဝတ်အစားတချို့ မြန်မြန်ဝတ်ကာ ရေကန်မှ ထွက်ပြီး ကာကွယ်ရေး အစီအရင်အပြင်ဘက်ဆီ ထွက်လိုက်ရသည်။

ကာကွယ်ရေး အစီအရင်အပြင်ဘက်တွင် ရပ်နေသူများမှာ လူသုံးယောက် ဖြစ်ပြီး တစ်ယောက်မှာ မျက်နှာလေးထောင့်နှင့် အသားမည်းမည်း၊ ထောင်ထောင်မောင်းမောင်း အမျိုးသား ဖြစ်သည်။ ကျန်နှစ်ယောက်မှာ ဆံပင်ဝါလေးနှင့် ပုသေးသေး မိန်းကလေး တစ်ဦးနှင့်အတူ ထိုမျက်နှာမည်း အမျိုးသားကြီးအရပ် တစ်ဝက်လောက်သာ ရှိသော လူငယ်လေးတစ်ဦးတို့ ဖြစ်သည်။ မိုဝူကျိက ထိုသူမှာ အများဆုံး တစ်မီတာခွဲမျှသာ  ရှိနိုင်ကြောင်း ခန့်မှန်းမိလိုက်၏။

မိုဝူကျိက မျက်နှာမည်း အမျိုးသားမှာ ယခင်က လူဝံကြီး ဖြစ်ကြောင်း တန်းမှတ်မိလိုက်သည်။ ထိုလူက ပြောင်းလဲရေး တာအိုအသီးကို မရသေးသော်ငြား ပုံစံပြောင်းပြီးလေပြီ။

“ ခင်ဗျားလား ” မျက်နှာမည်း အမျိုးသားက မိုဝူကျိကို မြင်လိုက်သည်နှင့် ဖျံကြီးချုးနှင့် ရင်ဆိုင်နေစဉ်က  သူ့စိတ်စွမ်းအားကား မိုဝူကျိအပေါ် ရောက်ရှိသွားခဲ့သောကြောင့် တန်းသိလိုက်သည်။

သူ့အတွက် ဖျံကြီးချူးက မည်မျှ ဒဏ်ရာရနေစေကာမူ မိုဝူကျိအား ဖယ်ရှားဖို့ရာ ပါးမွှားလေးမျှသာ ဖြစ်မည်ဟု ထင်ခဲ့မိသည်။ သူ မထင်ထားမိသည်က ဖျံကြီးချူးက မရှိတော့ဘဲ မိုဝူကျိက ဤနေရာကို အပိုင်သိမ်းထားလေ၏။ အမှန်တရားမှာ မျက်စိရှေ့မှောက် ရောက်နေပြီဖြစ်၍ မိုဝူကျိက ဖျံကြီးချူးကို ရှင်းပစ်လိုက်သည်မှာ သိသာလှသည်။

“ ဟုတ်တယ် … ကျုပ်ပဲ။ ခင်ဗျားတို့တွေ အကြောင်းအရင်းမရှိဘဲနဲ့ ကျုပ် အင်မော်တယ်ဂူရဲ့ ကာကွယ်ရေး အစီအရင်ကို လာတိုက်တာ ဘာသဘောလဲ ” မိုဝူကျိက စွမ်းအားများကို ထုတ်လွှင့်ရင်း မကြည်မလင် မေးလိုက်သည်။ မိုဝူကျိ၏ ဖိအားအောက်၌ သူတို့ကြားမှာ တည်နေရာမှာ အနည်းငယ် တုန်ခါလာသည်။

လူသားသစ္စာ (701-900)حيث تعيش القصص. اكتشف الآن