အခန်း (856)

860 176 21
                                    

အခန်း (၈၅၆) : အရမ်းအားကောင်းသော ပြိုင်ဖက်

မကြာခင် တအံ့တသြ ဖြစ်နေသည့် အမူအရာက ပျောက်ကွယ်သွားပြီး ခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးက စိုးရိမ်တကြီး အော်ဟစ်လိုက်သည်။

“ အစ်ကိုကြီး မြန်မြန်နောက်ဆုတ် ….  ဒီလူက အရမ်းကြောက်ဖို့ ကောင်းတယ် ”

မိုဝူကျိက ရယ်မောကာ ပြောလိုက်၏။

“ နောက်ဆုတ်ဖို့ အရမ်းနောက်ကျသွားပြီ။ အဲ့ဒီလူက အခု ဒီရောက်နေပြီ။ ယန်လီ ငါမင်းကို အဲ့ဒီတုန်းက နှစ်သန်းတစ်ထောင် သစ်သားအဆီအနှစ် ပေးခဲ့ရဲ့သားနဲ့မင်းက ဘာမှမတိုးတက်လာပါ့လား။ ပြီးတော့ မင်းရဲ့ အသွင်ပြောင်းထားတာကလည်း ထိပ်မှာ ရွှေရောင်ချိုနှစ်ခု ရှိနေတုန်းပဲ   ”

ထိုခရမ်းရောင်ဝတ်ရုံနှင့် လူငယ်လေးမှာ မိုဝူကျိ ကယ်တင်ပေးလိုက်သည့် ရွှေရောင်ဦးချို ခရမ်းနဂါးဖြစ်သည့် ယန်လီဖြစ်သည်။

ယခင်အခါက မိုဝူကျိသည် ကျင့်ကြံခြင်းလောကမှ ထွက်၍ အင်မော်တယ်လောကသို့ ပြန်သွားနိုင်ခြင်းမှာ ယန်လီပြောပြခဲ့သည့် လျှို့ဝှက်နဂါးရေကန်ကြောင့် ဖြစ်သည်။

လျှို့ဝှက်နဂါးရေကန်က သူ့အား အင်မော်တယ်လောကသို့ ပြန်ရောက်စေသည်သာမက များစွာအကူအညီပေးခဲ့ပြီး သူ့ရုပ်ခန္ဓာလည်း သိသိသာသာ တိုးတက်လာသလို သူ့ကျင့်ကြံစဉ်လည်း မြင့်တက်လာပေသည်။

ဤနှစ်များအတွင်း မိုဝူကျိက ယန်လီ၏ ကျင့်ကြံဆင့်မှာ ကောင်းကင်အင်မော်တယ်အဆင့်သို့ ရောက်ရှိတော့မည်ဟု ခံစားနေမိသည်။ ယန်လီ၏ ကျင့်ကြံဆင့်ဖြင့် သူက ဤလောကမှ ထွက်ခွာဖို့ရာ ခြေတစ်လှမ်းမျှသာ လိုပေလိမ့်မည်။

ယန်လီက စိုးရိမ်တကြီး ပြောလိုက်သည်။

“ အစ်ကိုကြီး ဘာလို့ ထွက်မသွားရသေးမှန်း မသိပေမဲ့ ကျွန်တော်တို့ကိစ္စတွေကို နောက်မှ ပြောရအောင်။ အခု ကျွန်တော်တို့မြန်မြန်ထွက်သွား… ”

ယန်လီ အသံမှာ တစ်ဝက်တစ်ပျက် ရပ်တန့်သွားသည်။ မီးခိုးရောင် ပုံရိပ်က သူနှင့် မိုဝူကျိကြားကို ရုတ်တရက် ပေါ်လာလေ၏။

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora