အခန်း (873)

748 146 3
                                    

အခန်း (၈၇၃)  : ကံကြမ္မာကို နှုတ်ယူခြင်း

“ တကယ်လို့ မင်းဆီမှာ တျန်းဂျီ အမှတ်အသား မရှိရင် ထွက်သွားလိုက်တော့ … မင်းဆီမှာ ရှိရင်တော့ ရှင်းပြပေးမယ် ” ယူကျန်းနာက အလျှင်စလို ပြောလိုက်သည်။ သူမက ဤလူကြောက် မိုဝူကျိအား အထင်သေးမိ၏။

မိုဝူကျိက ယူကျန်းနာအား လုံးဝ လျစ်လျူရှုထားပြီး ခန်းမအတွင်းသို့ လျှောက်လှမ်းသွားလိုက်သည်။ စုရိုအာက တစ်ခါပြောခဲ့ဖူး၏။ ဤ အဖြူရောင် အမှတ်အသားပြားနှင့် တျန်းဂျီတုတ်တို့လည်း ဤနေရာကို ဖွင့်နိုင်ပေလိမ့်မည်။ ထို့ကြောင့် သူက တစ်ချက် လာကြည့်ကြည့်ခြင်း ဖြစ်၏။

ယူကျန်းနာက ပြောင်းလဲမျှခြေ အဆောင်၏ ထိန်းချုပ်မှုကို ခံနေရကြောင်း ပြောနိုင်သော်လည်း သူက သူမအတွက် ပြိုင်ဖက် မဖြစ်သေးကြောင်း ခန့်မှန်းမိ၏။ ထိုသို့ဆိုလျှင်ပင် သူက ထိုအမျိုးသမီး၏ စွမ်းဆောင်ရည်ကို စမ်းသပ်ချင်မိ၏။ သူတို့တွေ ရတနာ လုယူရမည့်အချိန် ရောက်လာလျှင် သူ့အနေနှင့် အနည်းဆုံးတော့ မည်သည့်နေရာတွင် ရပ်ရမည် ဖြစ်ကြောင်း သိဖို့ လိုအပ်သည်။

မိုဝူကျိက သူ့ဘာသာ သွားလိုက်သည်နှင့် ယူကျန်းနာက ရုတ်တရက် လက်ဖဝါးဖြန့်လိုက်ရင်း သဘာဝစွမ်းအား လက်ကြီး ထုတ်လွှင့်ကာ မိုဝူကျိအား ဆွဲထားလိုက်၏။

ထိုသဘာဝစွမ်းအား လက်မှတဆင့် အာကာပြင် စည်းမျည်းများ ဖြစ်ပေါ်လာကာ မိုဝူကျိအား ပိတ်လှောင်ဖို့ ကြိုးစားနေသည်။

မိုဝူကျိက လှည့်ကာ လက်သီးတစ်ချက် ထုတ်လွှင့်လိုက်သည်။ ထိုအရာက သူ့၏ သာမာန်အကျဆုံး စွမ်းအားစက်ကွင်း ချေဖျက် လက်သီးချက် ဖြစ်ပြီး မီးတောက်များနှင့် ပေါင်းစပ်ထားခြင်း မရှိပေ။

“ ဘုန်း  ” မိုဝူကျိအား ပိတ်ဆို့ဖို့ ကြိုးစားနေသည့် စည်းမျည်းများက ကုန်တင်ယာဉ် ကားဘီး ပေါက်ကွဲသွားသည့်အလား ရုတ်ချည်း  ပေါက်ကွဲထွက်သွားသည်။ မိုဝူကျိအား ပိတ်ဆို့ထားသည့် စွမ်းအားများက သဘာဝစွမ်းအား တူကြီးအဖြစ် ပြောင်းလဲသွားကာ မိုဝူကျိ ရင်ဘတ်ပေါ် ကျရောက်လာ၏။

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora