အခန်း (880)

874 167 12
                                    

လူသားသစ္စာ 64

အခန်း (၈၈၀)  :  မိုင်းတွင်းဆီ စေလွှတ်ခံရခြင်း

မိုဝူကျိက မည်သည့်နေရာကို သွားသင့်ကြောင်း တွေးတောနေစဉ် သူ့ခေါင်းတစ်ဝက်စာလောက် အရပ်အမြင့်ရှိသည့် လူငယ်လေးတစ်ဦး ချည်းကပ်လာသည်ကို သတိပြုမိလိုက်သည်။ ထိုလူငယ်လေးက မိုဝူကျိဆီ မရောက်သေးသော်လည်း မိုဝူကျိက ထိုလူငယ်လေးသည် ထိုအမျိုးသမီး နှစ်ယောက် လိုက်ရှာနေခဲ့သော  ဦးရီးတော် ဖြစ်လိမ့်မည်ဟု ခန့်မှန်းမိလိုက်သည်။

“ ဒီက တာအိုရောင်းရင်းက ထောင်ထျဲ့တောင်ကြားမှာ နတ်ဘုရား စိတ်ဝိညာဉ် ဆေးပင်တွေကို လာရှာတာလား” လူငယ်လေးက မိုဝူကျိ လက်ထဲမှ နှစ်လွှာမြက်ကို ကြည့်ကာ ရယ်မောရင်း ပြောလိုက်သည်။

မိုဝူကျိက နှစ်လွှာမြက်ပင်အား သိမ်းထားလိုက်ပြီး ထိုလူငယ်လေး၏ လှပမှုကို ချီးကျူးနေမိသည်။ ထိုသူကား အမှန်တကယ် လှပလွန်းပေသည်။ ဖြူဖွေးသော အသားရည်၊ မျက်ဝန်းကြီးကြီးနှင့် အမျိုးသမီးတစ်ယောက်နှင့်ပင် ယှဉ်နိုင်သည့် လက်တစ်စုံ ပိုင်ဆိုင်ထားသည်။ သူ့ခပ်ဩဩ အသံတစ်ခုသာ အမျိုးသားတစ်ယောက်၏ အငွေ့အသက်ကို ပေးစွမ်းနေခြင်း ဖြစ်၏။

“ အာ … ကျွန်တော်က ကျင့်ကြံဆင့်နိမ့်တာဆိုတော့ နတ်ဘုရား စိတ်ဝိညာဉ် ဆေးပင်တွေရှိတဲ့ နေရာဆီ ခြေမချရဲပါဘူးဗျာ။ အဲဒါကြောင့် ဒီနေရာလေးမှာ အဆင့်နိမ့် ဆေးပင်လေးတွေ ခူးနေတာပါ ” မိုဝူကျိက နေရခက်စွာ ပြောလိုက်သည်။

လူငယ်လေးက မိုဝူကျိ၏ စကားများကို ကြားသောအခါ ခေါင်းညိတ်ပြလိုက်ပြီး  “ အဲဒါလည်း ဟုတ်တာပဲ … ဒါနဲ့ စောစောက ငါ့ကို အမျိုးသမီးနှစ်ယောက် လာရှာသေးလား ”

မိုဝူကျိက ပြန်ဖြေလိုက်၏  “ သူတို့က သူတို့ဦးရီးတော်ကို မေးတာဆိုပေမဲ့ ကျွန်တော်က ဘယ်သူမှန်း မသိဘူးလို့ ပြောလိုက်တော့ စောစောကပဲ ထွက်သွားကြပါတယ်”

လူငယ်လေးက မိုဝူကျိ ပခုံးကို ပုတ်ကာ  “ ကောင်းတယ် …. မင်း ငါ့နောက်ကို လိုက်ခဲ့ပါ့လား။ မင်းကို အဆင့်မြင့် နတ်ဘုရားဆေးပင်တွေ ခူးလို့ရတဲ့ နေရာကို ခေါ်သွားပေးမယ် ”

လူသားသစ္စာ (701-900)Kde žijí příběhy. Začni objevovat