အခန်း (758)

798 154 0
                                    

အခန်း (၇၅၈)  :  ဆေးလုံးအိမ်တော်

“ အခုတလော ကောင်းကင်ဘုံအလွန်မြို့မှာ လူသားဆေးလုံးအိမ်တော်ဆိုတဲ့ ဆိုင်တစ်ခု ပေါ်လာတယ်တဲ့။ အဲဒီမှာ အဆင့်မြင့်နဲ့ ပြိုင်ဖက်ကင်းအဆင့် ဆေးလုံးတွေ ရောင်းချပေးနေတာ။ ပြီးတော့ ရောင်းချပေးဖို့ ကုသဆေးလုံးတွေလည်း အများကြီးပဲ ”

“ ဟားဟား … ပစ္စည်းကောင်းတွေ ရောင်းချပေးနေတဲ့ နောက်ထပ် မီဖေး ဆေးလုံး - ပန်းပဲ ကုန်သည်အိမ်တော်ပဲ နေမှာပေါ့ဗျာ …. ဆိုးတာ တစ်ခုက ခင်ဗျား တတ်နိုင်မှာ မဟုတ်တာပဲ ”

“ ဟုတ်တယ် …. ကျုပ် အရင်က မီဖေးကုန်သည်အိမ်တော်ဆီ သန့်စင်ဆေးလုံး ဝယ်ဖို့ သွားခဲ့သေးတယ်။ အဆင့်လေး ကုသဆေးလုံးလေးကို ကျုပ်ရဲ့ အဆင့် ၉ တောင်ဘက်ပိုင်းမီးတောက်တုတ်နဲ့ အစိမ်းရောင်ကျောက် ငါးလုံးနဲ့ လဲခဲ့ရတယ်လေ။ ကျုပ် လာခဲ့တဲ့နေရာမှာဆိုရင် ဒီပစ္စည်းတွေနဲ့ အဆင့် ၉ ကုသဆေးလုံး ဆယ်ပုလင်းလောက်ကို လဲနိုင်တယ် ”

“ မဟုတ်ဘူးဗျ …. လူသား ဆေးလုံးအိမ်တော်က တကယ်ကို သင့်တော်တဲ့ ဈေးနှုန်းနဲ့ ရောင်းချပေးနေတာ။ ကျုပ်တောင် အစိမ်းရောင်ကျောက် ဆယ်တုံးနဲ့ ရွှေကြယ်ဆေး တစ်ပုလင်း ဝယ်လာသေးတယ် ”

“ မဖြစ်နိုင်လိုက်တာ  … ရွှေကြယ်ဆေးလုံးက အဆင့် ၅ ကုသဆေးလုံးလေ။ ဆေးတစ်လုံးစီကကို အစိမ်းရောင်ကျောက် ဆယ်လုံးထက် တန်နေပြီ။ ကျုပ်တို့ကို လာညာနေတာလား ”

“ ဝမ်လုက ညာနေတာ မဟုတ်ဘူး။ ကျုပ်လည်း လူသား ဆေးလုံးအိမ်တော်ဆီ ရောက်ခဲ့လို့ ပြိုင်ဖက်ကင်းအဆင့် ဗောဓိစိမ်းတစ်လုံး ဝယ်လာသေးတယ်။ အဲဒီမှာ အတတ်နိုင်ဆုံးအရာက လုပ်ပြီးသား ဆေးလုံးတွေချည်း ရှိတာ မဟုတ်ဘူးနော်။ ကိုယ်တောင်းဆိုတဲ့ ဆေးလုံးကိုပါ လုပ်ပေးဦးမှာ …. ကျုပ်ဆီမှာ အလဲအလှယ်လုပ်ဖို့ အင်မော်တယ်ဆေးပင် မပါသွားတာက ကံဆိုးတာပါပဲ။ မဟုတ်ရင် ကျုပ်အတွက် အဆင့် ၇ အင်မော်တယ် ဆေးလုံး တောင်းဆိုလို့ ရမှာ။ ပြီး‌တော့ ကျုပ်က အစိမ်းရောင်ကျောက် တစ်ခုတောင် ပေးဖို့ မလိုလိုက်ဘူး။ သူတို့က ဆေးဖော်စပ်တာကို ဈေးနှုန်းရဲ့ ခြောက်ဆပဲ ကောက်ခံတာ ….  ”

လူသားသစ္စာ (701-900)Nơi câu chuyện tồn tại. Hãy khám phá bây giờ