အခန်း (803)

814 178 7
                                    

အခန်း  (၈၀၃)  :  ခြေမွခြင်း

ခန်းမတစ်ခုလုံးမှာ တိတ်ဆိတ်သွားပြီး အားလုံးက မိုဝူကျိအား တအံ့တဩ ကြည့်လိုက်ကြသည်။

ဒီလူက အင်မော်တယ်လောကမှာ အလေးစားခံရလွန်းတာကို ကျင့်သားရပြီး ဒီနေရာရောက်လာတော့ ထုံထိုင်းသွားတာလား

တရားမျှတပြီးတော့ သမာသမတ်ရှိတာတဲ့လား ….

ဒီလူက ဆေးလုံးဧကရာဇ် ဘယ်လိုဖြစ်လာတာလဲ ….

“ ဟားဟား … ဆေးလုံးဆရာမိုက သေချာပေါက် ပြောလို့ရတာပေါ့။ ကျုပ်တို့ကျွန်းက တရားမျှတတဲ့ နေရာတစ်ခုပါ။ ဆေးလုံးဆရာမိုလည်း မကြာခင် ကိုယ်တိုင် သိလာမှာပါ ” ဝူဟယ်က ရယ်မောရင်း ပြောလိုက်သည်။ သူ့စိတ်အခြေအနေမှာ အတော်လေး ကောင်းမွန်နေလေ၏။ သူ့လက်ထဲတွင် အဆင့် ၉ ဆေးလုံးဧကရာဇ်၏ သိုလှောင်လက်စွပ် ရှိနေသည် ဖြစ်ရာ မည်သို့ ခံစားချက် မကောင်းဘဲ နေမည်နည်း။

“ ကျုပ်ကလည်း တရားမျှတတာကို သဘောကျတဲ့သူဆိုတော့ အရမ်းကို ကောင်းတယ် ” မိုဝူကျိက ကျေနပ်စွာ ပြောလိုက်ပြီးနောက် ပေါင်ပုအား လက်ညိုးထိုးကာ 

“ ကျုပ် ပင်လယ်ထဲ ထွက်သွားတဲ့နှစ်တုန်းက အဲဒီလူက ကျုပ်အင်မော်တယ်ဂူရဲ့ အတားအဆီးကို ချိုးဖျက်ရုံတင် မကဘူး။ ကျုပ် အင်မော်တယ်ဂူ တစ်ခုလုံးကိုလည်း ဖျက်စီးပစ်ခဲ့တယ်။ ကျုပ်က အဲဒါကို မေ့ထားပေးလို့ ရပါတယ်။ ဒါပေမဲ့  ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြော ကိုးထောင်နဲ့ ထိပ်တန်းအဆင့် သန့်စင် ရေကန်ကိုလည်း ဒီလူက ယူသွားခဲ့တယ်။ အရှင်တောင်ရွှင်ရဲ့စကားအရဆိုရင် ဒီလူက အသတ်ခံသင့်တယ် မဟုတ်ဘူးလား။ အရှင်တို့ရဲ့ တရားမျှတတဲ့ အမြင်ကိုလည်း သိချင်ပါတယ် …..  ”

တချို့အားနည်းသော သူများက ခေါင်းငုံ့ထားလိုက်ကြသည်။ အကြောင်းမှာ သူတို့က အရည်အချင်း မပြည့်မှီ၍ မဟုတ်ဘဲ သူတို့က ကျိတ်ရယ်မောနေကြခြင်း ဖြစ်၏။

ထိပ်တန်းအဆင့် အင်မော်တယ်သွေးကြော ကိုးထောင်တဲ့လား …..

ဒီလူက အင်မော်တယ်သွေးကြောတွေက လမ်းမပေါ်က မြေကြီးလို ပေါများတယ်များ အောက်မေ့နေတာလား

လူသားသစ္စာ (701-900)Hikayelerin yaşadığı yer. Şimdi keşfedin