အခန်း (713)

821 129 1
                                    

အခန်း  (၇၁၃)  :  ဖင်းဖန်ကို တည်ထောင်ခြင်း

“ ဂိုဏ်းချုပ် ကျုပ်တို့ ဖင်းဖန်ရဲ့ အင်မော်တယ်ကျောင်းတော်က ဘယ်မှာရှိတာလဲ ” အဆုံးအစွန်ပင်လယ် အဖျားတွင် ရပ်နေရင်း ဝေကျီတောက်က မသာမယာဖြင့် မေးလိုက်သည်။

ဝေကျီတောက် သာလျှင်မက  နျဲ့ချုံးအန်းနှင့် ကျန့်မင်ချန်းတို့လည်း အတူတူ ဖြစ်ကြသည်။ အင်မော်တယ် အုပ်စိုးသူတချို့နှင့် အင်မော်တယ်ဘုရင်တချို့ပင် မိုဝူကျိအား  နားမလည်စွာ ကြည့်လိုက်ကြသည်။

ဤနေရာမှာ ယုံရင် အင်မော်တယ်နယ်မြေအတွင်း ဖြစ်သည် ဖြစ်စေ၊ မဖြစ်သည် ဖြစ်စေ အားလုံးက စိတ်ထဲ မထားပေ။ ဖင်းဖန်၏ လက်ရှိအင်အားဖြင့် ယုံရင်အင်မော်တယ်နယ်မြေ၏ ကောင်းကင်ဧကရာဇ် ကွေ့ဖုန်းယွင် ရောက်လာလျှင်ပင် သူတို့ကို ဘာမှ လုပ်နိုင်မည် မဟုတ်ပေ။

သူတို့ စိတ်ပူနေသည်က ဤနေရာရှိ အင်မော်တယ်စွမ်းအားများမှာ အလွန်နည်းပါးနေ၍ ဖြစ်သည်။ ဖင်းဖန်ကို ဤနေရာမျိုး၌ မည်သို့ တည်ထောင်ရမည်နည်း။

မိုဝူကျိ မပြောလိုက်သည်က  ဤနေရာမှာ အင်မော်တယ်လောက တစ်ခုလုံး၌ အသိပ်သည်းဆုံး စွမ်းအားများ ရှိနေသည့်အကြောင်း ဖြစ်၏။ အဆုံးအစွန်ပင်လယ်အောက်မှ အင်မော်တယ် ဝိညာဉ်သွေးကြောများကို အခြေခံထားသည့် တော်ဝင်နယ်မြေ တစ်ခု ဖြစ်သောကြောင့် ဖင်းဖန်မှာ နောင်အနာဂတ်၌ ပိုမို အားကောင်းလာပေလိမ့်မည်။

အဆုံးအစွန်ပင်လယ်အောက်ခြေကား မိုးမြေ တာအို၏ စွမ်းအားများ စုစည်းထားသည့် ကုန်းမြေရှိနေပြီး ဖင်းဖန်သာ တည်ထောင်လိုက်သည်နှင့် မိုးမြေကြားမှ အင်မော်တယ်စွမ်းအားများမှာ အဆက်မပြတ် စီးဆင်းလာလိမ့်မည်။ တဖန် ပြန်လည် ထွက်ပေါ်လာမည့် မိုးမြေ၏ အင်မော်တယ်စွမ်းအားများကိုပါ ထည့်တွက်လျှင် ဤနေရာကား အင်မော်တယ်စွမ်းအား ဘယ်တော့မှ ပြတ်တောက်သွားတော့မည် မဟုတ်ချေ။

အင်မော်တယ်လောက တစ်ခုလုံး မပျက်သုန်းသွားခင်အထိ ကြာမြင့်နေမည် ဖြစ်၏။

“ ဟုတ်တယ် … ဒီနေရာမှာ ဖင်းဖန်တည်ထောင်ဖို့ ရွေးချယ်ထားတယ်။ အားလုံးက ဓားအကျဉ်းထောင်ထဲမှာ သွေးသစ္စာ ဆိုထားကြတယ်ဆိုပေမဲ့ တကယ်လို့ နေချင်တဲ့သူ မရှိရင် နောင် ဖင်းဖန်ကို ဘာမှမလုပ်သရွေ့  ထွက်သွားလို့ ရတယ်။  ကျုပ် မိုဝူကျိက ဒီနေရာမှာ နေဖို့ ဘယ်သူကိုမှ အတင်းကျပ် ဖိအား မပေးဘူး” မိုဝူကျိက တည်ငြိမ်စွာ ပြောလိုက်သည်။

လူသားသစ္စာ (701-900)Onde histórias criam vida. Descubra agora