အခန်း (809) Book 58 End

894 177 10
                                    

အခန်း (၈၀၉)  :  မိုဝူကျိအား ဖမ်းဝရမ်း ထုတ်ထားသည့် စကြဝဠာအစွန်း

မိုဝူကျိက အရုပ်ဖန်တီးခြင်း ကျောက်စိမ်းပေလွှာထဲ စိတ်စွမ်းအား ပို့လွှတ်လိုက်သည့်အခါ ရတနာတစ်ခု ရလာကြောင်း သိလိုက်သည်။ ထိုစာလိပ်ကို မည်သူ ချန်ထားခဲ့မှန်း မသိပေ။ သာမာန် ပန်းပဲဆရာတစ်ယောက်  သို့မဟုတ် သာမာန် ပန်းပဲဧကရာဇ်တစ်ယောက်က ဤပေလွှာကို မြင်မိလျှင် သူတို့အနေနှင့် နားလည်ပြီး လက်ခံနိုင်ဖို့ရာ ခက်ခဲပေလိမ့်မည်။ ဤကျောက်စိမ်းပေလွှာ၌ ဖော်ပြထားသော ပန်းပဲနည်းလမ်းများမှာ တာအိုအသိ ပါဝင်နေ၍ ဖြစ်သည်။ ဆိုလိုသည်မှာ လူတစ်ယောက်က ဤစာလိပ်ထဲမှ  ပန်းပဲပညာရပ်ကို သင်ယူလျှင်ပင် ထိုနည်းလမ်းများကြား၌  ကိန်းအောင်းနေသော တာအိုအသိနှင့် ပေါင်းစပ်၍ ရမည် မဟုတ်ပေ။

သို့သော်လည်း မိုဝူကျိက မတူပေ။ သူ့အနေနှင့် ဤစာလိပ်တွင် လိုလားချက် မြင့်မားနေပြီး သင်ယူသူမှာ အနည်းဆုံး အဆင့် ၉ ပန်းပဲဧကရာဇ် ဖြစ်ဖို့ လိုအပ်ကြောင်း သိလိုက်သည်။ သူကလည်း အဆင့် ၉ ပန်းပဲဧကရာဇ် တစ်ဦး ဖြစ်ပေသည်။

အင်မော်တယ်အရုပ် ဖန်တီးခြင်းသည် အင်မတန် ရှုပ်ထွေးလှ၏။ မိုဝူကျိက ကျောက်စိမ်းပေလွှာကို ဖတ်နေရင်း ပန်းပဲပညာရပ်၏ ကမ္ဘာအသစ် တံခါးဝ၌ ရပ်နေသလို ခံစားလိုက်မိသည်။ သူက အကယ်၍ ထိုတံခါးကြီးသာ တွန်းဖွင့်နိုင်ပါက သူ့ပန်းပဲအဆင့်အတန်းမှာ သိသိသာသာ တိုးတက်သွားပေမည်မှန်း နားလည်လိုက်သည်။+

ကံမကောင်းစွာဖြင့် နှစ်ရက်တာမှာ တိုတောင်းလွန်းလှသည်။ မိုဝူကျိက သူ့ကိုယ်သူ လေ့လာမှုထဲ စိတ်နှစ်ထားစဉ် ယွမ်မိုဆီမှ အကြောင်းကြားစာ ဝင်လာသည်။ သဘာဝ အစီအရင်မှာ ပွင့်လာပြီ ဖြစ်ရာ ထွက်သွားလို့ ရလေပြီ။

မိုဝူကျိက ကျောက်စိမ်းပေလွှာကို သိမ်းဆည်းလိုက်သည်။ သူက ထွက်လာသည့်အခါ အရှင်ငါးယောက်လုံးလည်း ရှိနေသည်ကို မြင်လိုက်ရ၏။ မိုဝူကျိ ထွက်လာသည်ကို မြင်၍ အားလုံးက သူ့အား လာနှုတ်ဆက်ကြသည်။

မိုဝူကျိရှေ့တွင် လမ်းကြောင်း တစ်ခုပေါ်လာ၏။ မိုဝူကျိက စိတ်စွမ်းအား ထုတ်မသုံးထားသော်လည်း ထိုလမ်းကြောင်းမှာ အနည်းငယ် ပရမ်းပတာ ဖြစ်နေကြောင်း ပြောနိုင်ပေသည်။

လူသားသစ္စာ (701-900)حيث تعيش القصص. اكتشف الآن