အခန်း (717)

820 120 2
                                    

အခန်း  (၇၁၇)  :  ကြာပန်းနီအတွက် တိုက်ခိုက်ခြင်း

“ စီနီယာအစ်ကိုကြီး ပြန်ရောက်လာပြီလား   ” လျန်ယင်ရှန်း အသံက မိုဝူကျိအား အတွေးများနေရာမှ နှိုးထလာစေသည်။ သူက လျန်ယင်ရှန်း ထွက်လာပြီး သူ့ဆီ လျှောက်လှမ်းလာသည်ကို တအံ့တဩ ကြည့်လိုက်သည်။ သူမကို ပထမအကြိမ် တွေ့ဆုံခဲ့စဉ်နှင့် ယှဉ်လျှင် လျန်ယင်ရှန်းတွင် ဖော်ပြမရနိုင်သည့် ကြော့ရှင်းကာ ကျက်သရေရှိသည့် အငွေ့အသက်များ ထွက်ပေါ်နေလေ၏။

“ ဂျုနီယာညီမလေး ယင်ရှန်း … ကျင့်ကြံခြင်း အောင်မြင်လာတာ ဂုဏ်ပြုပါတယ်။ ဒါနဲ့ အတိတ်ကို တစ်ခုခုများ ပြန်မှတ်မိလား ” မိုဝူကျိက ကျေကျေနပ်နပ် မေးလိုက်သည်။

သူ့အနေနှင့် လျန်ယင်ရှန်းကို တပည့်အဖြစ် လက်မခံခဲ့သည်က ကံကောင်းသွားတော့သည်။ အကယ်၍ သူသာ လက်ခံခဲ့လျှင် နောင်အနာဂတ်၌ သေချာပေါက် နေရခက်နေပေလိမ့်မည်။ လျန်ယင်ရှန်း၏ ဇာစ်မြစ်ကား သေချာပေါက် ရိုးရှင်းမည် မဟုတ်ချေ။

လျန်ယင်ရှန်းက ခေါင်းခါကာ

“ ညီမ ချီသွေးကြော ၉၉ ခုကို ဖွင့်ပြီးတော့ ကျင့်ကြံနှုန်းက ကြောက်ခမန်းလိလိ မြန်ဆန်လာတယ်။ ရက်ပိုင်းလေးအတွင်း နောက်တဆင့် တက်သွားတာတွေလည်း ရှိတယ်။ ဒါပေမဲ့ အခုနောက်ပိုင်းကျ အမြန်နှုန်းက ပြန်နှေးကျသွားတယ် ”

မိုဝူကျိက ခေါင်းညိတ်လိုက်ကာ လျန်ယင်ရှန်းသည်  အင်မော်တယ်ဘုရင်အဆင့် တက်လှမ်းဖို့ရာ နီးကပ်နေသည့် သူ့အခြေအနေနှင့် အတူတူ ဖြစ်လိမ့်မည် ဖြစ်ကြောင်း ခန့်မှန်းမိ၏။ သူမသည်လည်း သင့်တော်သည့် အခွင့်အရေး ရဖို့ရာ ကံတရားတချို့ လိုအပ်ပေ၏။

“ ကျင့်ဖုန်းကို သွားခေါ်လိုက်ပါဦး …. ငါ ဒီနေရာကို ပိတ်တော့မလို့။ မင်းတို့တွေ နောင်ကျ ဒီမှာ လေ့ကျင့်ဖို့ မလိုတော့ဘူး ” မိုဝူကျိက ပြောလိုက်၏။ သူမှလွဲ၍ မည်သူကိုမှ ဤနေရာသို့ ဝင်ခွင့် မပြုပေ။ အကြောင်းမှာ ဤနေရာကား ဖင်းဖန်၏ အရေးကြီးဆုံးဖြစ်သော အင်မော်တယ်အရင်းအမြစ် ဖြစ်လာ၍ ဖြစ်သည်။

“ ဟုတ် ” လျန်ယင်ရှန်းက ဆက်မမေးတော့ဘဲ ဖူကျင့်ဖုန်းအား သွား၍ ခေါ်လိုက်သည်။ မဟာလော့ရှန်းအဆင့်တွင် ရှိသော်လည်း သူမ၏ အသိစိတ်အထဲ၌ ဘာမှထူးခြားချက် ရှိမလာသေးပေ။ သူမအတွက် ပင်လယ်ဘေးတွင် နေထိုင်စဉ်ကကဲ့သို့သာ ခံစားနေရ၏။

လူသားသစ္စာ (701-900)Tempat cerita menjadi hidup. Temukan sekarang