အခန်း (894)

737 155 1
                                    

လူသားသစ္စာ 65 စာမြည်း

အခန်း (၈၉၄) : ကောင်းကင်လူသားဂိုဏ်း၏ နတ်ဘုရားဘုရင်

မိုဝူကျိက ရုတ်တရက် ပြောလိုက်သည် “ မင်းပြောတော့ မင်းမှာလည်း လျှပ်စီးဝိညာဉ်ကြော ရှိတယ်ဆို... မင်း လျှပ်စီးကျင့်စဉ်ကို ဘာလို့ မကျင့်ကြံတာလဲ”

ကူချိုက်က စိတ်ဓာတ်ကျစွာ ခေါင်းခါလိုက်ပြီး  “ ညီမ မကျင့်ကြံချင်လို့ မဟုတ်ပါဘူး … ညီမရဲ့အဖေက ဒီသလင်းကျောက် ကျင့်စဉ်ကိုပဲ  ချန်ရစ်ထားခဲ့လို့ပါ။ ညီမရဲ့ အဖေက ပြောဖူးတယ် .. လျှပ်စီးကျင့်စဉ်က အရမ်းကို တန်ဖိုးကြီးမားလွန်းတယ်တဲ့။ အဆင့် မြင့်လာတာနဲ့အမျှ ပိုပြီး တန်ဖိုးကြီးမားလာတယ်။ တချို့ဂိုဏ်းကြီးတွေတောင်မှပဲ အဲ့လိုမျိုး ကျင့်ကြံစဉ်တွေ မပိုင်ဆိုင်ကြဘူးတဲ့။ ညီမမှာ အဲ့လိုမျိုး ကျင့်ကြံစဉ်တွေနဲ့ ထိတွေ့ဖို့ အခွင့်လည်း မရှိသလို အရည်အချင်းလည်း မရှိပါဘူး ”

ထိုသို့ ပြောပြီးသည့်နောက် ကူချိုက်က သလင်းကျောက်ကို မိုဝူကျိထံ တွန်းပို့ပေးလိုက်ရင်း

“ စီနီယာအစ်ကို ဝူကျိ… ... ညီမက မကြာခင် သေလူ ဖြစ်တော့မှာ။ ဒီဟာလေးက အဖေ ချန်ရစ်ထားခဲ့တဲ့ တစ်ခုတည်းသောအရာပါ…အဲ့ဒါကြောင့် အစ်ကို့ကို ဒီဟာလေး လက်ဆောင်ပေးပါရစေ ”

မိုဝူကျိသည် ဤသလင်းကျောက်က မည်မျှ အစွမ်းထက်သည်ကို ကောင်းကောင်း သိနေသောကြောင့် မသိစိတ်၏ စေ့ဆော်မှုအရ သလင်းကျောက်ကို လက်ခံထားလိုက်မိသည်။ အကယ်၍ သူသာ အမှောင်ထုစည်းမျဉ်းများကို ထိန်းချုပ်နိုင်ပြီး အမှောင်ထုစည်းမျဉ်း လျို့ဝှက်ပညာရပ်ကို ဖော်ထုတ်နိုင်သွားလျှင် သူ့စွမ်းအားမှာ ကြောက်မက်ဖွယ် ကောင်းသွားပေလိမ့်မည်။

မကြာသေးခင်ကပင် မိုဝူကျိက ကူချိုက်ထံမှ ဖန်းဖုန်းပန် ပြောပြခဲ့သော နယ်ခြားကျင့်ကြံသူတစ်ဦးအား တိုက်ခိုက်ခဲ့ပြီး နောက်ဆုံးတွင် ဆုံးရှုံးမှုအများအပြား ခံစားလိုက်ရသည့် နတ်ဘုရားဘုရင်များအကြောင်းကို ကြားသိခဲ့ရသည်။

ထိုလူများ အဘယ်ကြောင့် ရှုံးနိမ့်ခဲ့ရသနည်း။ နယ်ခြားကျင့်ကြံသူ၏ အမှောင်ထုစည်းမျဉ်းများက အရမ်းအားကောင်းနေသောကြောင့်လေလား။

လူသားသစ္စာ (701-900)Nơi câu chuyện tồn tại. Hãy khám phá bây giờ