အခန်း (796)

762 157 0
                                    

လူသားသစ္စာ 58

အခန်း (၇၉၆) :  အရှင်မဟာဧကရာဇ် တစ်ပါးနှင့် တိုက်ခိုက်ခြင်း

ကျန်နှစ်ယောက်ကလည်း ဟူချွန်းချွန်းထံ ပစ္စည်းများ ပေးလိုက်ကြသည်။ ဟူချွန်းချွန်း ဦးဆောင်မှုနှင့် သူတို့က နေရာကျယ်ဝန်းလှသော  ရင်ပြင်ဆီ ရောက်ရှိလာသည်။

ရင်ပြင်နှင့် တူသော်လည်း မိုဝူကျိက မုခ်ခုံးတိုင် တစ်ခု ဖြစ်ကြောင်း သိလိုက်သည်။ ရင်ပြင် သုံးဘက်လုံး၌ ပင်လယ်ရေနှင့် ဝန်းရံထားပြီး နေရာတစ်ခုလုံးကို အစီအရင်ဖြင့် ကာကွယ်ထားလေသည်။ ဤရင်ပြင်မှာ သွေစောင်းပင်လယ်သို့ ဝင်ဖို့ရာ မုခ်ခုံးတိုင် ဖြစ်ကြောင်း သိသာလှသည်။

ရင်ပြင်၌ လူများစွာ ရှိနေကာ အသွင်သဏ္ဍာန် အမျိုးမျိုး ရှိနေပေသည်။ သားရဲအများစုက နဂိုသွင်ပြင်အတိုင်း ရှိနေကြပြီး ရင်ပြင်တစ်ဝက်လောက်ကို နေရာယူထားလေ၏။ ရင်ပြင်သို့ ရောက်လာကြသော အပင်နှင့်တူသည့် သတ္တဝါများပင် ရှိနေသေး၏။ မိုဝူကျိက နောက်ထပ် လူသားမျိုးနွယ်ကိုပင် ရှာမတွေ့ချေ။

မိုဝူကျိတို့က ဟူချွန်းချွန်းနောက်မှ လိုက်ပါလာရင်း မုခ်ခုံးတိုင်အစွန်း ရောက်လာသည့်အခါ ဟူချွန်းချွန်းက အဆင့်မြင့် အင်မော်တယ်သွေးကြော သုံးခုနှင့်အတူ ဧကရာဇ်ဆေးလုံးကို ပေးလိုက်၏။

“ အာ … ဧကရာဇ်ဆေးလုံးလား ” ပင်လယ်ဆက်ကြေး ပေးသွင်းရသည့် နေရာမှ တအံ့တဩ အသံထွက်ပေါ်လာသည်။

“ ဧကရာဇ်ဆေးလုံးကို ဘယ်သူယူလာတာလဲ ” အသံနက်နက်ကြီး ထွက်ပေါ်လာပြီးနောက် ထွားကြိုင်းကြိုင်း အမျိုးသားကြီး တစ်ဦး လျှောက်လှမ်းလာသည်။

ထိုအမျိုးသားက မည်သည့်အရာမဆို စုတ်ဖြဲပစ်နိုင်သည့် အရှိန်အဝါမျိုး ထုတ်လွှင့်နေပြီး သူ့တည်ဆောက်ပုံမှာ ယွမ်မိုထက် မသေးကွေးချေ။ ထို့အပြင် ထိုအမျိုးသား၏ နဖူးအထက်၌ အဖြူရောင် ထိုးကွင်းများစွာ ရှိနေပြီး သူ့လက်မောင်းမှာ အင်မတန် ရှည်လျားပေသည်။ သူက အရပ်မြင့်သော်လည်း သူ့လက်မောင်းရှည်ကြီးက သူ့ခြေဖနောင့်ကိုပင် ထိတွေ့နိုင်သည့်အထိ တွဲလောင်းကျနေသည်။

လူသားသစ္စာ (701-900)Dove le storie prendono vita. Scoprilo ora