အခန်း (761)

816 153 5
                                    

လူသားသစ္စာ ၅၅

အခန်း (၇၆၁)  :   အဆင့် ၉ ဆေးလုံးဧကရာဇ် ဖြစ်လာဖို့ရန် အခက်အခဲ

ရန်ယူရွေအနေနှင့် ကွမ်ကျင်း၏ ဆုံးဖြတ်ချက်ကို နားလည်ရန် အချိန်အနည်းငယ်မျှသာ လိုအပ်ခဲ့သည်။

အကယ်၍ သူမ ဖြစ်နေပါက သူမသည်လည်း အတူတူ လုပ်မိပေလိမ့်မည်။ ကွမ်ကျင်းတစ်ယောက် မီဖေးကုန်သည်အိမ်တော်သို့ ဝင်ရောက်လာသည့် အကြောင်းအရင်းမှာ တာအိုကို သဘောပေါက်ကာ အင်မော်တယ် ဧကရာဇ်အဆင့်  တက်လှမ်းနိုင်ရန် ဖြစ်သည်။ သူ ပထမဆုံး ဝင်စဉ်ကတည်းမှ သူက အင်မော်တယ် အုပ်စိုးသူ ပြီးပြည့်စုံခြင်းအဆင့် ရောက်နေပြီ ဖြစ်၏။ နှစ်ရာချီကာ ကြာမြင့်သွားသော်လည်း သူက အင်မော်တယ် အုပ်စိုးသူအဆင့်မျှသာ ရှိနေသေးသည်။

ဤနှစ်များအတွင်း ကွမ်ကျင်းက ကျင့်ကြံရေး အရင်းအမြစ်များစွာ ရရှိခဲ့သော်လည်း ထိုအရင်းအမြစ် အများစုမှာ ကွမ်ကျင်းဘာသာ စကြဝဠာနံရံကြီးမှ ရရှိလာမှန်း သူမ သိပေသည်။ ကွမ်ကျင်း လိုချင်ခဲ့သော ဧကရာဇ်ဆေးလုံးကိုတော့ မီဖေးကုန်သည်အိမ်တော်က တစ်ခါမှပင် ထည့်မပြောပေ။

“ကျမ သိပါပြီ။ အစ်ကိုကြီးကွမ် ကိုယ့်ဘာသာ ဂရုစိုက်ပါ …. နှုတ်ဆက်ခဲ့ပါတယ် ” ရန်ယူရွှေက စိတ်ခံစားချက်များကို မြန်မြန် ထိန်းချုပ်ကာ ကွမ်ကျင်းအား အခေါ်အဝေါ်ပင် ပြောင်းလဲလိုက်သေးသည်။

ကွမ်ကျင်းက ရန်ယူရွှေအား ကြည့်နေပြီးနောက် လော့စီဘက် လှည့်ကာ ပြောလိုက်သည်  “ သူမ ပြောသွားတဲ့ ကိုယ့်ဘာသာ ဂရုစိုက်ဆိုတာ ဘာအဓိပ္ပါယ်လဲ သိလား ”
လော့စီက ခေါင်းခါကာ ကွမ်ကျင်းသည် ရုတ်တရက်ကြီး သူမတို့ လူသားဆေးလုံးအိမ်တော် အဖွဲ့ဝင် တစ်ယောက် ဖြစ်လာသည်ကို ကြောင်အမ်းမိနေဆဲ ဖြစ်သည်။

ကွမ်ကျင်း လေသံမှာ လေးနက်လာကာ  “ အခု ကျုပ်က လူသားဆေးလုံးအိမ်တော်ကို ဝင်ပြီးပြီဆိုတော့ မီဖေးကုန်သည်အိမ်တော်က သူတို့ ဧကရာဇ်အဆင့် ကျင့်ကြံသူတွေကို မကြာခင် လွှတ်လိမ့်မယ် ”

မိုဝူကျိက မီဖေးကုန်သည်အိမ်တော်မှ အင်မော်တယ် ဧကရာဇ်များနှင့် ရင်ဆိုင်ဖြေရှင်းရန် နည်းလမ်းရှိသည်ဟု ပြောထားသော်လည်း ကွမ်ကျင်းက စိုးရိမ်မိနေသေး၏။ မိုဝူကျိ တွေးထားသည့်အတိုင်း ချမ်းသာမှုနှင့် စတေးနိုင်မှုမှာ တွဲလျက် ရောက်ရှိလာခြင်း ဖြစ်သည်။ ကွမ်ကျင်းက အင်မော်တယ် ဧကရာဇ်အဆင့် တက်လှမ်းချင်သောကြောင့် သူ့အသက်ကို စတေးထားဖို့ရာ ဆန္ဒရှိရမည်။

လူသားသစ္စာ (701-900)Hikayelerin yaşadığı yer. Şimdi keşfedin