အခန်း (775)

898 157 4
                                    

အခန်း (၇၇၅)  :  ထူးခြားလှသော လျို့ဝှက်တိုက်ကွက်

ကောင်းကင်ဘုံအလွန် ကျတ်တီးနယ်မြေ၌ မိုဝူကျိနှင့် ရွိုက်ကောတို့မှာ ကျင့်ကြံနေကြဆဲ ဖြစ်၏။ သူတို့ ရှိနေသည့် မြေအောက်ဂူကို အစီအရင်ပေါင်းများစွာဖြင့် ကာရံထားပြီး ဖုံးကွယ်ရေး အစီအရင်နှင့် စိတ်ဝိညာဉ် ဖုံးကွယ်ရေး အစီအရင်တို့မှာလည်း အဆင့် ၇ များ ဖြစ်ကြသည်။

သူ့ကို လာရှာသည့် သူများကိုတော့ မိုဝူကျိက လုံးဝ အာရုံမရှိပေ။ မိုဝူကျိက တစ်ယောက်ယောက် သူ့ကို လာရှာမည်မှန်း သေချာသိနေသည်။ အကြောင်းမှာ သူက မီဖေးကုန်သွယ်ရေး အဖွဲ့မှ အင်မော်တယ် ဧကရာဇ် သုံးယောက်ကို သတ်ပစ်ခဲ့သည် မဟုတ်ပါလော။ မီဖေးကုန်သွယ်ရေး အဖွဲ့အနေနှင့် သူ့အား လာမရှာမှသာ ထူးဆန်းနေပေလိမ့်မည်။ မီဖေးကုန်သွယ်ရေး အဖွဲ့အပြင် ကောင်းကင်ဘုံအလွန် စကြဝဠာမှ အဆင့်မြင့် ကျင့်ကြံသူများကလည်း  စကြဝဠာနယ်နမိတ်အလွန်၌  သူ့အား လာရှာနေလောက်ပေသည်။

သူ့တွင် တောင်ပုံရာပုံ အစိမ်းရောင်ကျောက်များ စုဆောင်းထားနိုင်သည့်အတွက် သူတို့အတွက် ထိုအစိမ်းရောင်ကျောက်များနှင့် ဆေးပင်များကို ရယူနိုင်လိမ့်မည်ဟု ယုံကြည်နေသည့် လောဘကြီးသော အင်မော်တယ်များစွာလည်း ရှိပေလိမ့်မည်။

မိုဝူကျိက စိတ်ထဲ လုံးဝမထားပေ။ အကြောင်းမှာ ကျတ်တီးနယ်မြေ မျက်နှာပြင်အောက် မီတာ သိန်းဂဏန်းလောက် နက်သည့်နေရာ၌ ရှိနေသည့် သူ့ကို မည်သူမှ ရှာနိုင်ကြမည် မဟုတ်ကြောင်း ယုံကြည်သည်။ ကျတ်တီးနယ်မြေတွင် အဆုံးမဲ့ ပျက်စီးစွမ်းအားများနှင့် ပြည့်နှက်နေလေရာ မြေအောက်နက်လေလေ ထိုစွမ်းအားများက သက်ရောက်မှု ပြင်းလေလေ ဖြစ်၏။ ထိုမျှအနက်အထိ စစ်ဆေးကြည့်နိုင်မည့် စိတ်စွမ်းအား ပိုင်ရှင် ကျင့်ကြံသူများလည်း ရှိမည် မဟုတ်ပေ။ သူကိုယ်တိုင်လည်း အဆိပ်ဖြေလမ်းကြောင်း မရှိလျှင် သူ့အနေနှင့် လုပ်ဆောင်နိုင်မည် မဟုတ်ပေ။

ဤသို့မျိုးနေရာ၌ မြေအောက် သောင်းဂဏန်းလောက် အကွာအဝေးအား စိတ်စွမ်းအားဖြင့် စစ်ဆေးကြည့်နိုင်သူမှာ ထိပ်တန်းအဆင့်မြင့် ပညာရှင်အဖြစ် ယူဆ၍ ရပေသည်။ ထို့အပြင် ရှာဖွေသည့်အချိန်က ကြာရှည်လို့လည်း မဖြစ်ပေ။ တာအိုအခြေခံအပေါ် သက်ရောက်မှု ရှိလာနိုင်သည် မဟုတ်ပါလော။

လူသားသစ္စာ (701-900)Onde histórias criam vida. Descubra agora