အခန်း (791)

826 172 9
                                    

အခန်း (၇၉၁)  :   ကြေကွဲမြို့ဟောင်း အနက်ပိုင်း

မိုဝူကျိက ဝူလီ၏ သိုလှောင်လက်စွပ်ကို ထုတ်ကြည့်လိုက်သည့်အခါ အစိမ်းရောင်ကျောက် ပမာဏ များများစားစားအပြင် ထိပ်တန်းအဆင့် လွတ်မြောက်ရေး အဆောင်လည်း ပါရှိပေသည်။

မိုဝူကျိက အဆောင်တာအို၌ ကျွမ်းကျင်နှံ့စပ်မှု မရှိသော်လည်း ထိုအဆောင် မျက်နှာပြင်၌ တာအိုစွမ်းအားများ လှည့်ပတ်နေသောကြောင့် မိုဝူကျိအနေနှင့် ထိုအရာမှာ အနိမ့်ဆုံး  အဆင့် ၉ အင်မော်တယ် လွတ်မြောက်ရေး အဆောင်သာ ဖြစ်ပေလိမ့်မည်မှန်း မှန်းဆလိုက်မိ၏။

မိုဝူကျိက သွေးနည်းနည်း ထုတ်လိုက်သည့်အခါ ထိုလွတ်မြောက်ရေး အဆောင်မှ မှိန်ဖျော့ဖျော့ မီးခိုးရောင်အလင်းတန်း ထွက်ပေါ်လာကာ မိုဝူကျိအား ရစ်ပတ်သွားပြီး အစအနမကျန်ရလေအောင် ပျောက်ကွယ်သွားလေ၏။

နောက်အခိုက်အတန့်လေး၌ မိုဝူကျိက မူးနောက်နောက် ဖြစ်သွားကာ  သူ နှိုးဆွလိုက်သည့် အဆောင်မှာ အဆင့် ၉ ကိုပင် ကျော်လွန်နိင်ခြေ ရှိကြောင်း သတိပြုမိလိုက်သည်။ မဟုတ်လျှင် သူက ဒဏ်ရာအပြင်းအထန် ရနေလျှင်ပင် မူးနောက်နောက် ဖြစ်မည် မဟုတ်ပေ။

မိုဝူကျိက သူကိုယ်သူ အသိစိတ်မလွတ်အောင် အတတ်နိုင်ဆုံး ကြိုးစားထားပြီး သူသာ သတိမေ့မြောသွားပါက အဆောင်က လုပ်ဆောင်မှု ပြီးဆုံးသွားသည့်အခါ အန္တရာယ်တွင်းထဲ ကျရောက်သွားနိုင်သည်။ ဤနေရာမှာ ကြေကွဲမြို့ဟောင်းဖြစ်ပြီး အေးချမ်းသည့် နေရာ မဟုတ်ပေ။

အချိန်အတော်ကြာပြီးနောက် မိုဝူကျိက သူ့ခြေထောက်မှ တုန်ခါမှုကို ခံစားလိုက်ပြီးနောက် အရိုးကျိူးသံများကို ဆက်တိုက်ဆိုသလို ကြားလိုက်ရသည်။ သူ့ဦးနှောက်ပင် အောက်ဆီဂျင် ပြတ်လပ်လာသောကြောင့် မိုဝူကျိက သတိမမေ့ခင် ထာဝရ ကမ္ဘာထဲ ဝင်လိုက်တော့သည်။

ခဏအကြာတွင် အာကာပြင်မှ မီတာအတော်ရှည်သည့် ဖျံကြီး ကျဆင်းလာကာ ထာဝရ ကမ္ဘာအနားရှိ ရေကန်ထဲ ဆင်းသွားသည်။

…………

အင်မော်တယ် သားရဲအဆင့် ၆ အထွတ်အထိပ်အဆင့် ရောက်နေသည့် ရွိုက်ကောက မိုဝူကျိ တစ်ယောက် ဒဏ်ရာအပြည့်နှင့် ထာဝရ ကမ္ဘာထဲ ဝင်လာသည်ကို မြင်လိုက်သောအခါ ကူကယ်ရာမဲ့စွာ ရေရွတ်လိုက်သည်

လူသားသစ္စာ (701-900)Dove le storie prendono vita. Scoprilo ora