အခန်း (716)

839 136 6
                                    

အခန်း  (၇၁၆)  :  လူသားတိုင်းက အတူတူပဲ

ရည်ရွယ်ချက်တူ အဆင့်မြင့် ကျင့်ကြံသူများနှင့်အတူ မိုဝူကျိ၏ အစီအရင်တာအို အရည်အချင်းများကို ထည့်တွက်လိုက်လျှင် ဖင်းဖန် တည်ဆောက်မှုကား တစ်နှစ်အတွင်း အောင်အောင်မြင်မြင် ပြီးမြောက်သွားလေ၏။

ဖင်းဖန်၏ တစ်စိတ်တစ်ပိုင်းမှာ ပင်လယ်ပိုင်နက်ပေါ်၌  တည်ဆောက်ထားခြင်း ဖြစ်ပြီး ပုံမှန်ထက် အားစိုက်မှု ပို၍ လိုအပ်ပေသည်။ မဟုတ်လျှင် သူတို့က ငါးလအတွင်း အပြီးသတ်နိုင်လိမ့်မည်။

လက်ရှိ ဖင်းဖန်က ကီလိုမီတာ ငါးထောင်ကို နေရာယူထားပြီး ကီလိုမီတာ နှစ်သောင်းခွဲ ပတ်လည်ကို ပိုင်နက်အဖြစ် သတ်မှတ်ထားသည်။ လေလွင်ပြင်မြို့အနေနှင့် ရုတ်တရက် ပေါ်ပေါက်လာသည့် ဖင်းဖန်က ပိုင်နက်အကြောင်း ကြေညာလိုက်ခြင်းအပေါ် မကျေနပ်သော်လည်း ဘာမှမလုပ်ရဲပေ။ အရင်ဦးစွာ သူတို့၏ မြို့စားမှာ စူးခရာအင်မော်တယ်မြို့ဟောင်းသို့ ရောက်ရှိနေပြီး ပြန်မရောက်လာသေးပေ။ ဒုတိယအနေနှင့် ဖင်းဖန်မှာ ထွက်လာသူတိုင်းမှာ အနည်းဆုံး အင်မော်တယ်အုပ်စိုးသူအဆင့် ကျင့်ကြံသူများ ဖြစ်နေကြ၏။ ထိုအကြောင်းအရင်းနှစ်ချက်ကြောင့် လေလွင်ပြင်အနေနှင့် မကျေနပ်ချက်ကို ချုပ်ထိန်းထားကာ  သူတို့မြို့စား ပြန်ရောက်အလာကိုသာ စောင့်ဆိုင်းနေရလေသည်။

မိုဝူကျိက ဖင်းဖန် အစွန်းအဖျား၌ မဟာခုနှစ်သွယ် ဖင်းဖန် အစီအရင်အမည်ရှိ  အဆင့် ၇ အင်မော်တယ်အစီအရင် ခင်းကျင်းထားလေ၏။

ထိုအစီအရင် နာမည်ပေးသူမှာ မိုဝူကျိ ဖြစ်ပြီး ဓားအကျဉ်းထောင်အတွင်းမှ ဓားစွမ်းအင်မြစ်ကြမ်းခြေရှိ တည်နေရာ အစီအရင် သင်္ကေတများမှ ဉာဏ်အလင်းပွင့်လာမှုနှင့် အစီအရင်အမျိုးမျိုးအပေါ် နားလည်မှုအား ပေါင်းစပ်ထားခြင်း ဖြစ်၏။ ဤမဟာအစီအရင်မှာ ထောင်ချောက်အစီအရင်၊ သတ်ဖြတ်ရေး အစီအရင်၊ ကာကွယ်ရေး အစီအရင်၊ ပုံရိပ်ယောင် အစီအရင်၊ ဖုံးကွယ်ရေး အစီအရင်နှင့် တားမြစ်ရေး အစီအရင်တို့ ပေါင်းထည့်ထားသည်။ တစ်ခုတည်းသော လိုအပ်နေသည့် အစီအရင်မှာ စွမ်းအားစုစည်းရေး အစီအရင်သာ ဖြစ်၏။

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora