အခန်း (842)

795 157 9
                                    

အခန်း (၈၄၂)  :   ဘယ်ကို သွားရမလဲ

မိုဝူကျိက စိတ်သက်သာရာ သက်ပြင်းချလိုက်သည်။ လွန်ခဲ့သည့် တစ်လခန့်က သူသည် စိတ်ဝိညာဉ်သိုလှောင်ရေး လမ်းကြောင်းကို သေချာသုံးကာ အသိစိတ်ပင်လယ် ပြန်လည် ကောင်းမွန်လာစေမည့် သဘာဝကျီဆေးလုံးများကိုလည်း ဆက်တိုက် သောက်သုံးခဲ့သည်။

ထိုရိုက်ချက်ကြောင့် မိုဝူကျိ၏ အသိစိတ်ပင်လယ်အတွင်းမှ ခရမ်းရေကန်မှာ ဖွင့်ဟလာခဲ့၏။ ထိုစဉ် ခရမ်းရေကန်မှာ စွမ်းအား ကုန်ခမ်းသွားရုံသာမက အက်ကြောင်းဖြစ်သည့်အထိ ခြောက်ခမ်းနေခြင်း ဖြစ်ပေသည်။

သို့သော်လည်း မိုဝူကျိက မစိုးရိမ်ပေ။ အစပိုင်းတွင် အသစ်များက ခက်ခဲတတ်သော်လည်း အစပြုလိုက်သည်နှင့် ဖြည်းဖြည်းချင်း လွယ်ကူလာလိမ့်မည်။ အကယ်၍ သူက အသိစိတ်ပင်လယ်ကို ပြန်လည် ပြုပြင်ပြီးသည်နှင့် ခရမ်းရေကန်မှာ နောက်တစ်ဖန် ပြန်လည် ပြည့်လာပေမည်။

သူ့ခန့်မှန်းချက်မှာ ကွက်တိကျ၏။ သူ့အသိစိတ်ပင်လယ် စတင်ကောင်းမွန်လာသည်နှင့် ပြန်လည် ကောင်းမွန်လာနှုန်းမှာ အချိန်နှင့်အမျှ မြန်ဆန်လာသည်။ အဆုံးသတ်၌ သူ့စိတ်ဝိညာဉ် သိုလှောင်ရေး လမ်းကြောင်းအပြင် ကြယ်တာရာပင်လယ် လျို့ဝှက်ပညာရပ်နှင့် သဘာဝကျီဆေးလုံးများမှာလည်း အာနိသင် ပြလာကြတော့သည်။

ရက်များစွာ ကုန်ဆုံးပြီးနောက် သူ့အသိစိတ်ပင်လယ်မှ နာကျင်မှုလည်း ရုတ်ချည်း ပျောက်ကွယ်သွားတော့သည်။ သူက ခေါင်းထဲတွင် အစေ့လေးမှ အပင်ပေါက်လာသည့်အလား ခံစားလိုက်ရပြီး အသစ်သစ်သော ခံစားချက်တို့ ဖုံးလွှမ်းသွားလေ၏။

မိုဝူကျိက စိတ်လှုပ်ရှားစွာ ထခုန်လိုက်မိသည်။ သူ့အသိစိတ်ပင်လယ်မှာ နယ်ပယ်တစ်ခုအဖြစ် ပြောင်းလဲသွားပြီ ဖြစ်၏။

အသိစိတ်ပင်လယ်ထဲ  အဆင့်မြင့် ပညာရှင်တစ်ယောက်၏ ဝိညာဉ် အလွယ်တကူ ကျူးကျော်ခံလိုက်ရသည့် အကြောင်းအရင်းမှာ ကျင့်ကြံသူတစ်ဦး၏ စိတ်စွမ်းအားနှင့် တာအိုတို့ ပေါင်းစပ်သွားခြင်းမျိုးကဲ့သို့ ဖြစ်သည်။ သာမာန်အခြေအနေအောက်၌ အသိစိတ်ပင်လယ်မှာ ချိုးဖောက်ဖို့ရန် ခက်ခဲသော်လည်း တစ်ဖက်လူ၏ ကျင့်ကြံဆင်က မိမိထက် မြင့်မားနေသည့်အခါ လုံးဝ မတူညီကွဲပြားသော ဇာတ်ကြောင်း ဖြစ်သွားလေပြီ။

လူသားသစ္စာ (701-900)Onde histórias criam vida. Descubra agora