အခန်း (773)

787 160 7
                                    

အခန်း (၇၇၃)  :  ရူးမိုက်သော ရွိုက်ကော

“ ယီရန် … အဲဒီ မိုဝူကျိကို သိတယ်လား ” သူတို့ ခန်းမမှ ထွက်လာသည်နှင့် လူငယ်လေးက ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားအား မေးခွန်းထုတ်လိုက်သည်။

“ အာ ” ရွှေရောင်ဝတ်ရုံနှင့် အမျိုးသားက သူ့ယခင် အပြုအမူမှာ သူ့အစ်ကို မြင်သွားမှန်း သိလိုက်သည်။ သူက တုံ့ဆိုင်းနေသော်လည်း တိတ်တဆိတ်သာ နေလိုက်၏။

လူငယ်လေးကို ရွှေရောင်ဝတ်ရုံနှင့် လူငယ်လေးအား ကောင်းကောင်းသိဟန်ဖြင့် ခပ်ယဲ့ယဲ့ ပြုံးကာ “ ဘာလို့လဲဆိုတော့ ငါလည်း အဲဒီလူကို သိတယ်။ သူ့ရဲ့ ဇာစ်မြစ်အထိပါ သိတယ် ”

ယီရန်က ထိုစကားကို ကြားသောအခါ မျက်ဝန်းက လင်းလက်လာပြီး စိတ်ပူတကြီး မေးလိုက်၏  “ အစ်ကိုကြီး အဲလူက ဘယ်သူလဲ …. သူက ဘယ်နေရာက ရောက်လာတာလဲ ”

လူငယ်လေးက တည်ငြိမ်စွာဖြင့်  “ မင်း အဲဒီလူကို ဘာလို့ ဒေါကန်နေရတာလဲ ”

ဤတစ်ကြိမ်၌ ယီရန်က တုံ့ဆိုင်းခြင်းမရှိ ပြောလိုက်သည် “ အရင်တုန်းက ကျတော်ရဲ့ မီးတောက်ကို အာကာပြင်ထဲမှာ သန့်စင်နေတုန်း ဂြိုလ်ပျက်တစ်ခုမှာ ရှေးဦးမူလမီးကျောက် ဆယ်ခုလောက် တွေ့ခဲ့တယ် ”

“ ဘာ ” ထိုအရာကို ကြားပြီး လူငယ်လေးက ဤနေရာမှာ စကားဆက်ပြောဖို့ မသင့်တော်မှန်း သိလိုက်၍ ရွှေရောင်ဝတ်ရုံနှင့် လူငယ်အား အလျှင်အမြန် ဆွဲခေါ်သွားလိုက်သည်။

နောက်တစ်နာရီကြာပြီးနောက် တည်းခိုဆောင်အခန်းတစ်ခန်း၌ လူငယ်လေးက လေးလေးနက်နက် မေးလိုက်သည်  “ ယီရန် အဲတုန်းက အခြေအနေကို ဆက်ပြောပြ ”

ထိုစဉ် ဤလူငယ်လေးက ရှေးဦးမူလမီးကျောက်များမှာ သူ့ညီလေးဆီ အဆုံးသတ်မသွားကြောင်း ခံစားချက် ဆိုးဆိုးရွားရွား ရနေသည်။

ယီရန်က ဆက်ရှင်းပြလိုက်သည်

“ အရင်တုန်းက  အဲဒီလူလည်း ရှေးဦးမူလမီးကျောက်ကို သတိထားမိခဲ့တာ …. သူက ကျတော်ကို မပြိုင်နိုင်မှန်း သိတော့ အဲဒီဂြိုလ်အစိတ်ပိုင်းကို လုယူသွားခဲ့တယ်။ ရှေးဦးမူလမီးကျောက်က သူ ယူသွားတဲ့ အစိတ်အပိုင်းမှာ ပါသွားရော။ ကျတော် လိုက်ရှာနေပေမဲ့ အခု ကောင်းကင်ဘုံနယ်နမိတ်အလွန်ကို ရောက်နေလိမ့်မယ်လို့ ထင်မထားမိဘူး  ”

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora