အခန်း (752)

808 154 1
                                    

အခန်း (၇၅၂)  :  အပြင်းအထန် ကျင့်ကြံခြင်း

ဤနေရာမှာ ကျင့်ကြံရေး အရင်းအမြစ်များ အလျှံပယ် ဖြစ်သောကြောင့် အင်မော်တယ် အုပ်စိုးသူအဆင့်မှာ မရှားပါးလှပေ။ မိုဝူကျိက သူလည်း အချိန်တစ်ခုမျှ တံခါးပိတ် ကျင့်ကြံလိုက်ပါက အင်မော်တယ် အုပ်စိုးသူအဆင့် ရောက်နိုင်လိမ့်မည်မှန်း ယုံကြည်သည်။

ထိုပုံရိပ်နှစ်ခုမှာ အရမ်းကို မြန်ဆန်ပေ၏။ မိုဝူကျိ၏ စိတ်စွမ်းအားက ထိုပုံရိပ်နှစ်ခုကို အာရုံခံမိလိုက်သည့်အခါ မိုဝူကျိ၏ ဆိုင်ရှေ့ ရောက်နေပြီ ဖြစ်၏။ အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက မိုဝူကျိအား ဝေ့ကြည့်ကာ အေးစက်စွာ သရော်ပြောလိုက်၏  “ စည်းမျည်းတွေကို အာခံရဲတာ ဘယ်သူလဲ ”

ထိုပိန်ပါးပါး အမျိုးသားက ဦးညွှတ်ကာ

“  စည်းကမ်းကြီးကြပ်ရေးမှူးတို့ ….  ဒီဆိုင်ကို ကျုပ်က မောင်းဟူဆီ ရောင်းထားတာပါ။ ပြီးတော့ တကယ်လို့ မောင်းဟူသာ သေဆုံသွားခဲ့ရင်  ဒီဆိုင်ကို ကျုပ်ဆီ ပြန်ပေးမယ်ဆိုပြီး သဘောတူညီချက် ထားခဲ့ကြတာပါ ”

မိုဝူကျိ၏ စိတ်ထဲ လေးလံသွားမိသည်။

ထိုသို့ သဘောတူညီချက်မျိုး ရှိခဲ့တာလား ….

“ ကျုပ်က မောင်းဟူ သေဆုံးတာ ကြားကြားချင်း ကျုပ် ပိုင်တဲ့ဆိုင်ကို ပြန်လာယူတာပါ။ တစ်ယောက်ယောက် အရင်ဦးထားလိမ့်မယ်လို့ မထင်ထားမိဘူး ” ပိန်ပါးပါး အမျိုးသားက ပြောနေရင်း ကျောက်စိမ်းပေလွှာကို ထုတ်လိုက်သည်။

မိုဝူကျိက စိတ်စွမ်းအားကို ကျောက်စိမ်းပေလွှာဆီ ပို့လိုက်သောအခါ မောင်းဟူနှင့် သဘောတူညီချက် ဖြစ်ကြောင်း အမှန်ပင် ဖြစ်နေလေ၏။ သူက သဘောတူညီချက်ပေါ်မှ စိတ်စွမ်းအား အငွေ့အသက်ကို ခံစားမိသောအခါ မိုဝူကျိက  ကျောက်စိမ်းပေလွှာမှာ အတု မဟုတ်ကြောင်း သိလိုက်သည်။

အင်မော်တယ် အုပ်စိုးသူအဆင့် ကျင့်ကြံသူက ကျောက်စိမ်းပေလွှာကို လက်ခံကာ စစ်ဆေးကြည့်လိုက်သည်။ ထို့နောက် သူက မိုဝူကျိအား စိုက်ကြည့်ကာ အေးစက်စွာ ပြောလိုက်၏

လူသားသစ္စာ (701-900)Donde viven las historias. Descúbrelo ahora