အခန်း (730)

859 130 0
                                    

အခန်း (၇၃၀)  :  အင်မော်တယ်ဘုရင်အဆင့် ပါရမီရှင်များ တိုက်ပွဲ

ဤကာကွယ်ရေး အစီအရင်က အရမ်း အားကောင်းပြီး အဆင့် ၉ အင်မော်တယ် အစီအရင်ဟုပင် ယူဆ၍ ရလုနီးပါး ဖြစ်၏။ သို့သော်လည်း အပျက်အစီး များနေပြီ ဖြစ်သောကြောင့် မိုဝူကျိအနေနှင့် သူ့ပုဆိန်လှံရှည်နှင့် အချိန်မှန် အစီအရင် ဗဟိုချက်အား  ရိုက်လိုက်သည့်အခါ ချက်ချင်း ချိုးဖောက်နိုင်ပေလိမ့်မည်။ ဝေကျီတောက်တို့က သူ့ထက် ကျင့်ကြံဆင့်များစွာ မြင့်နေလျှင်ပင် အစီအရင်ဗဟိုချက်ကို အတိအကျ ရှာတွေ့နိုင်သူမှာ သူ တစ်ဦးတည်းသာ ဖြစ်ကြောင်း ယုံကြည်ထားသည်။

မိုဝူကျိက လက်ဖြန့်လိုက်သည်နှင့် လခြမ်းကွေး ပုဆိန်လှံရှည်က ပေါ်လာသည်။ မိုဝူကျိဘေးနား ရပ်နေသည့် ပိုင်ယဲ့က ပုဆိန်လှံရှည်ကို မြင်သောအခါ ကြက်သီးတဖြန်းဖြန်း ထသွားမိကာ နောက်နှစ်လှမ်းပင် ဆုတ်မိသွားသည်။ ယခင် သူ့ခန္ဓာကိုယ်ကို နှစ်ပိုင်းခြမ်းပစ်ခဲ့သည့်မှာ  မိုဝူကျိ၏ ပုဆိန်လှံရှည် မဟုတ်ပါလော။ မိုဝူကျိ၏ ညှာတာမှုကြောင့်သာ မဟုတ်လျှင် ယနေ့အထိ မည်သို့များ အသက်ဆက်ရှင်နေနိုင်မည်နည်း။

မိုဝူကျိက မဟာဓားလမ်းစဉ်ဂိုဏ်း၏ ကာကွယ်ရေး အစီအရင် အက်ကြောင်းအနက်ကြီးကို စိုက်ကြည့်လိုက်ရင်း  အသက်ပြင်းပြင်း ရှုလိုက်သည်။ ထိုအခါ ကောင်းကင်ဘုံကို ခွဲလုမတတ် စွမ်းအားများက မိုဝူကျိ ခန္ဓာပတ်လည်ဆီ ဝန်းရံလာသည်။ ထိုအချိန်လေး၌ မဟာဧကရာဇ် ဝေကျီတောက်ပင် နောက်ဆုတ်လိုက်မိ၏။

မိုဝူကျိက ပိုင်ယဲ့ကို တိုက်ခိုက်စဉ်က သူက အရာအားလုံးကို ရှင်းရှင်းလင်းလင်း မြင်လိုက်ရသည်။ လက်ရှိ မိုဝူကျိက ထိုသို့တူညီသော စွမ်းအားများကို စုစည်းလိုက်သောအခါ ဝေကျီတောက်က မိုဝူကျိသည် ယခင်ထက် အနည်းဆုံး ဆယ်ဆမက အားကောင်းလာကြောင်း သိလိုက်သည်။ အားကောင်းလာသည်မှာ တစ်ချက်ဖြစ်ပြီး ပို၍ အရေးကြီးသည်က မိုဝူကျိ၏ တာအိုစွမ်းအားများက နောက်တခါ ဆက်တိုက် တိုးမြင့်လာခြင်း ဖြစ်၏။ ထိုအရာမှာ ဝေကျီတောက်ပင် မိုဝူကျိ၏ တိုက်ခိုက်ရေး ပုံစံကို ဆက်မပြောတတ်တော့သည့် အနေအထားအထိ ဖြစ်ပေသည်။

လူသားသစ္စာ (701-900)حيث تعيش القصص. اكتشف الآن