လူသားသစ္စာ 52 လိုက်ပွဲ
အခန်း (၇၁၂) : ကြာပန်းနီ ဘယ်မှာလဲဆိုတာ သိပြီမိုဝူကျိက ဓားစွမ်းအင်မြစ်မှ နောက်ဆုံး ထွက်လာသူ ဖြစ်၏။ သူ ရေးဆွဲလိုက်သော ကူးသန်းရေး သင်္ကေတများမှာ ထိုနေရာ၌ပင် သင်ယူလိုက်ခြင်း ဖြစ်သောကြောင့် အင်မတန် အားပျော့နေပေ၏။ မိုဝူကျိ ထွက်သွားပြီ သိပ်မကြာခင်တွင် အစီအရင်မှာ အစီအရင် ဂိတ်နှင့်အတူ အစအနမရှိ ပျောက်ပျက်သွားတော့သည်။
............
မိုဝူကျိ ခြေထောက်က မြေကြီးနှင့် ထိသည်နှင့် တစ်ခုခု လွဲမှားနေကြောင်း ခံစားမိလိုက်သည်။ သူ့စိတ်ထဲ လေးလံမိသွားသည်။
သူက ဓားအကျဉ်းထောင်ထဲ ပြန်လည် ကူးပြောင်းခံလိုက်ရတာလား ....
သူက ဘေးပတ်လည်၌ ဓားစွမ်းအင်များကို ခံစားမိနေဆဲ ဖြစ်သည်။
မဟုတ်သေးဘူး .... အတိအကျဆိုရလျင် ဤနေရာရှိ ဓားစွမ်းအင်မှာ ဓားအကျဉ်းထောင်ထဲရှိ ဓားစွမ်းအင်လောက် ကြောက်စရာ မကောင်းပေ။ ဓားစွမ်းအင်အတွင်းရှိ ဓားအငွေ့အသက်က ပို၍ ထင်ရှားပြတ်သားပေသည်။
" ဂိုဏ်းချုပ် ... "
မိုဝူကျိ ထွက်လာသည်နှင့် အားလုံးက ရောက်လာကြသည်။
" ကျုပ်တို့တွေ ဓားအကျဉ်းထောင်ထဲမှာ ရှိနေတုန်းပဲ။ ဓားစွမ်းအင်တွေ ရှိနေသေးတယ် " နျဲ့ချုံးအန်းက လေးလေးနက်နက် ပြောလိုက်သည်။
" ခင်ဗျား ဘာလို့ ထွက်မသွားသေးတာလဲ " မိုဝူကျိက နျဲ့ချုံးအန်း စကားကို ပြန်မတုံ့ပြန်သေးဘဲ ပိုင်ယဲ့အား ကြည့်ကာ မေးလိုက်၏။
ပိုင်ယဲ့က လက်နှစ်ဖက် ယှက်ကာ
" ဂိုဏ်းချုပ်မို .... ကျုပ်တို့တွေ ဓားအကျဉ်းထောင်မှာ ရှိနေတုန်း ထင်တယ်။ ဒီနေရာက ဓားစွမ်းအင်က အားနည်းပြီးတော့ ထိခိုက်နိုင်နှုန်းက ဘေးကင်းနွယ်တောင်ထက်တောင် အားပျော့နေတယ် "
မိုဝူကျိက စိတ်စွမ်းအားကို ဖြန့်ကျက်ထားပြီးသား ဖြစ်၏။ ဤနေရာတွင် စိတ်စွမ်းအား ကန့်သတ်ချက် ရှိသော်လည်း ဓားအကျဉ်းထောင်နှင့် ကွဲပြားပေသည်။ ဤနေရာရှိ စိတ်စွမ်းအား အတားအဆီးမှာ အင်မတန် အားပျော့နေသည်။