အခန်း (877)

828 165 8
                                    

အခန်း  (၈၇၇)  :  သံချေးတက်နေသည့် ဓားရိုး

နတ်ဘုရားဘုရင် ကျီတင်းက ဒေါသထွက်နေစဉ် သူ့သမီး ဖြစ်သူ ယူကျန်းနာအတွက်လည်း စိတ်ပူပင်နေမိသည်။ သူ့ကလေးနှစ်ယောက်က အတူတူ ထွက်သွားလေရာ ယခု သူ့သားက သေသွားပြီ ဖြစ်၏။ သူ့သမီးအတွက် မည်သို့ စိတ်မပူဘဲ နေနိုင်မည်နည်း။

“နတ်ဘုရားဘုရင်ကို အကြောင်းကြားပါတယ်ခင်ဗျ …. သခင်မလေး ကျန်းနာ ပြန်ရောက်လာပါပြီ ” နတ်ဘုရားဘုရင် ကျီတင်းက သူ့သမီးအကြောင်း စိတ်ပူပင်နေစဉ် လူငယ်လေးတစ်ယောက်က ဝင်လာကာ တင်ပြပေးလိုက်၏။

နတ်ဘုရားဘုရင် ကျီတင်းက ရုတ်ချည်း ထရပ်လိုက်သည်။ သူ့မျက်နှာပေါ်မှ စိုးရိမ်သောကက ဒေါသအဖြစ် ပြောင်းလဲသွားကာ  “ သူမကို ခေါ်ခဲ့စမ်း ”

ယူကျန်းနာက မိုးမြေစည်းမျည်း၏ ဖိအားကြောင့် ဒဏ်ရာများက ပြန်မကောင်းမွန်သေးပေ။ နတ်ဘုရားဘုရင် ကျီတင်းက သူမ အခန်းထဲ ဝင်လာသည်နှင့် တန်းသတိပြုမိလိုက်၏။ သူ့လေသံမှာ ရေခဲတမျှ အေးစက်နေပြီး “ မဆိုးဘူးပဲ … မင်းက အဆင့်နိမ့် နယ်မြေအထိတောင် သွားနိုင်နေပြီပေါ့ ”

“ သမီး အမှားကို သိပါပြီ။ ဖေဖေ ခွင့်လွတ်ပေးပါနော်” ယူကျန်းနာက မိုဝူကျိတို့ရှေ့မှောက်တွင် ဂုဏ်မောက်ကာ ဘဝင်မြင့်နေသော်လည်း သူမ ဖခင်ရှေ့မှောက်၌ ထိုသို့ မပြုမူရဲပေ။ နတ်ဘုရားဘုရင် ကျီတင်းဆီမှ စိတ်ဆိုးမာန်ဆိုး  “ ဟမ်” တစ်လုံးတည်းကပင် သူမအား ဒူးထောက်သွားစေ၏။

နတ်ဘုရားဘုရင်ကျီတင်းက ကလေးများကို အလိုလိုက်ခွင့်လွတ်တတ်ကာ ကာကွယ်လိုအားကြီးသော ဖခင်အဖြစ် မထင်သင့်ပေ။ သူက ထိုသို့ မေတ္တာကရုဏာကြီးမားသည့် ဖခင်မျိုး မဟုတ်ပေ။ သူ့ကလေးများက သူ့ဆန္ဒကို ဆန့်ကျင်မိလျှင် သေသည့်အထိ အရိုက်နှက်ခံရနိုင်ပေ၏။ သူ့ကလေးများအနက် တချို့မှာ သူ့ရိုက်နှက်မှုကြောင့် သေဆုံးသွားရသောသူများပင် ရှိပေသည်။

ယူကျန်းအာက အသတ်ခံလိုက်ရပြီ ဖြစ်၏။ သားတစ်ယောက် ဆုံးရှုံးသွားသည့် ခံစားချက်အပြင် သူ့အနေနှင့် တစ်ယောက်ယောက်က သူ့ ကျီတင်း၏ သားကို သတ်ရဲသည့် အချက်ကို ပို၍ ဒေါသထွက်မိနေသည်။

လူသားသစ္စာ (701-900)Nơi câu chuyện tồn tại. Hãy khám phá bây giờ