အခန်း (814)

782 160 0
                                    

အခန်း (၈၁၄)  :   ဖုန်းဟွမ်၏ ဆုံးဖြတ်ချက်

မိုဝူကျိက သိုလှောင်လက်စွပ်ကို ယူလိုက်ပြီးနောက် ကျန်ရှိနေသော လူများထံ လှည့်ကာ  ပြောလိုက်သည် 

“ အခုကစပြီးတော့ မီဖေးကုန်သွယ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်ပြီ။ ဒီနယ်မြေက အခု ငါ့အပိုင်ပဲ …. အားလုံးက ဒီကနေ ဆယ်ရှိုက်စာအတွင်း ထွက်သွားကြ။ တကယ်လို့ တစ်ယောက်ယောက်က မြက်ပင်လေး တစ်ပင် ယူသွားရဲတယ်ဆိုရင် ငါက ထောက်ထားမနေဘဲ သတ်ပစ်မယ် ”

မိုဝူကျိက ချင်းယီစာကို သတ်လိုက်သည့်အခါ မီဖေးကုန်သွယ်ရေး အဖွဲ့ရှိ အားလုံးက  စိတ်တုန်လှုပ်မိနေကြသည်။ အင်မော်တယ် ဧကရာဇ်အဆင့်ပင် ရှိကြ‌သော အကြီးအကဲများပင် တစ်ခွန်းမှ ဝင်မပြောရဲကြပေ။

ဤအချိန်၌ မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့အား လုံးဝ ဖျက်သိမ်းလိုက်ပြီ ဖြစ်ရာ အရူးသာ စကားထွက်ပြောရဲပေလိမ့်မည်။ မိုဝူကျိက မီဖေးကုန်သွယ်ရေး အဖွဲ့ ဖျက်သိမ်းလိုက်ကြောင်း ကြေညာလိုက်သည်နှင့် အားလုံးက ပြေးထွက်ကုန်ကြသည်။ အသက်ရှိုက်စာအနည်းငယ်လေးအတွင်း သူတို့က ဝေးဝေးသို့ ရောက်ရှိသွားကြလေပြီ။

ယွမ်မိုက သက်ပြင်းချကာ  “ ဝူကျိ … မင်းက တကယ်ကို  ကြင်နာလွန်းတယ်။ ငါ သာဆိုရင် သူတို့တွေ တစ်ယောက်မှ အလွတ်ပေးမှာ မဟုတ်ဘူး ”

သူက မိုဝူကျိသည် အမှန်တကယ် ကြင်နာတတ်လွန်းကြောင်း ခံစားမိနေသည်။ အကယ်၍ ဤသို့မျိုး ကိစ္စသာ သွေစောင်း အာကာပြင် ပင်လယ်ကျွန်း၌ ဖြစ်ပျက်ခဲ့လျှင် ရန်စသူအားလုံးမှာ သေချာပေါက် အသတ်ခံရပေမည်။

မိုဝူကျိက ရယ်မောလိုက်ပြီး  “ ယွမ်မို …. ကျုပ်ကို ဟဲရှီးအဖွဲ့ ကူကြည့်ပေးထားပါဦး။ ပြီးတော့ ဒီနေရာကို အရောင်းကြော်ငြာလိုက်ပါ။ ကျုပ် တံခါးပိတ် လေ့ကျင့်လိုက်ဦးမယ် ”

မိုဝူကျိက မီးဖေးကုန်သွယ်ရေး အဖွဲ့မှ လူများကို မသတ်လိုက်သည့် အကြောင်းအရင်းမှာ မလိုအပ်၍ ဖြစ်ပေသည်။ ကုန်သွယ်ရေး အဖွဲ့မှာ ဂိုဏ်းနှင့် မတူပေ။ ကုန်သွယ်ရေး အဖွဲ့မှာ အကျိုးမြတ်အတွက် အဖွဲ့ဖြစ်တည်နေခြင်း ဖြစ်၏။ ကုန်သွယ်ရေး အဖွဲ့ ဖျက်သိမ်းလိုက်သည်နှင့် ထိုလူများမှာ သူတို့၏ အကျိုးမြတ်ကို တခြားနေရာ၌ သွားရှာနိုင်ပေသည်။ ယခင် ကုန်သွယ်ရေး အဖွဲ့ကို ဖျက်သိမ်းလိုက်၍ မည်သူကမှ ရန်ငြိုးထားနေမည် မဟုတ်ပေ။

လူသားသစ္စာ (701-900)Onde histórias criam vida. Descubra agora