အခန်း (759)

801 154 0
                                    

အခန်း (၇၅၉)  :  တံခါးဝ

“ အဲဒီလူ နာမည်က မိုဝူကျိတဲ့  …. လွန်ခဲ့တဲ့ နှစ်နှစ်လောက်တုန်းက ကောင်းကင်ဘုံအလွန်မြို့မှာ ရုတ်တရက်ကြီး ပေါ်လာတာ။ သူက မိစ္ဆာမျိုးနွယ်ဝင်ကိုရော၊ လူသားမျိုးနွယ်ဝင်ကိုရော သတ်ထားမိတော့ နေစရာ ရှာမတွေ့ဘူးလေ။ အဲဒါနဲ့ သူက ကောင်းကင်ဘုံအလွန်မြို့ဆီ ရောက်လာပြီးတော့ ဆိုင်ကို လိုက်ရှာခဲ့တာ။

အဲဒီလူက ကောင်းကင်ဘုံအလွန်မြို့ရဲ့ စည်းမျည်းတွေကို မသိဘူးဆိုတာလည်း သိသာတယ်။ ဒါပေမဲ့ ထူးထူးဆန်ဆန်း သူ့ဆေးလုံးအိမ်တော်ကို မူလပိုင်ရှင် မောင်းဟူဆီက ဝယ်နိုင်ခဲ့တယ်။

မောင်းဟူက မိုဝူကျိဆီ ဆိုင်ရောင်းပြီးတော့ စကြဝဠာနံရံကြီး ဖွင့်လာတယ်လေ။  မိုဝူကျိက စကြဝဠာနံရံကြီးကို သွားပေမဲ့ အသက်ဆက်ရှင်ကျန်ခ့တယ်။ သူက အဲကနေလည်း အကျိုးကျေးဇူးအများကြီး ရလိုက်တယ်လေ။ အဲဒါနဲ့ သူ ပြန်ရောက်လာကတည်းက တံခါးပိတ် ကျင့်ကြံနေတာ။ အခု ကျင့်ကြံပြီးသွားတာတော့မှ ဆိုင်ပြန်ဖွင့်တာ …” ဖြေဆိုလိုက်သူမှာ မီဖေးကုန်သည်အိမ်တော်၏ ပြင်ပရေးရာ တာဝန်ခံ ဝမ်လီ ဖြစ်၏။

ဝမ်လီက မိုဝူကျိ တစ်ယောက် အင်မော်တယ် အုပ်စိုးသူအဆင့် တက်လှမ်းသွားသည့် သတင်းကို မရရှိသော်လည်း သူက မိုဝူကျိ၏ ကောင်းကင်ဘုံအလွန်မြို့အတွင်း ရှိနေသည့် နှစ်နှစ်တာအတွင်း အချက်အလက်များကို စုဆောင်းနိုင်ခဲ့သည်။

“ အဲဆို ဒီလူက ကြီးကြီးကျယ်ကျယ် ဇာစ်မြစ်ရှိတဲ့ပုံတော့ မပေါ်ဘူး ” မင်ချန်း၏ သတ်ဖြတ်ငွေ့များက ရုတ်ချည်း အားလျော့သွားလေ၏။

မီဖေး ကုန်သည်အိမ်တော်၏ အမျိုးသမီးက ထရပ်ကာ မင်ချန်းအား လေးလေးစားစား ဦးညွှတ်လိုက်ရင်း  “ အိမ်တော်ခေါင်းဆောင် … အဲလူက ကျမတို့အတွက် ဆေးလုံးဖော်စပ်ပေးမှာ မဟုတ်လောက်ဘူး ”

သူမက မင်ချန်း စကားနောက်မှ အဓိပ္ပါယ်ကို သေချာနားလည်ပေသည်။ သူက မိုဝူကျိအား မီဖေးကုန်သညအိမ်တော်အတွက် ဆေးလုံးဖော်စပ်ပေးရန် ခေါ်ဆောင်ဖို့ ကြံရွယ်နေခြင်း ဖြစ်ပေသည်။

လူသားသစ္စာ (701-900)Onde histórias criam vida. Descubra agora