Part-1

52.1K 1.2K 63
                                    

အဖြူရောင် BMW ကားလေးတစ်စီးဟာ Your Desire ဟုအမည်တပ်ထားသည့် Bar တစ်ခုရှေ့တွင် ရပ်တန့်သွားလေသည်။ ထို့နောက် ကားလေးထဲမှ အနောက်တိုင်း suit ခဲရောင်ကို သေသပ်စွာ ဝတ်ထားသည့် အမျိုးသား တစ်ယောက် ထွက်လို့လာလေသည်။

ထိုအမျိုးသားဟာ သူ၏ ဖြူသွယ်လှသည့် လက်ချောင်းများဖြင့် နှာတံစင်းစင်းလေးထက်တွင် တင်နေသော လေးထောင့်စံစံ မျက်မှန်ကို တစ်ချက်ပင့်တင်လိုက်ကာ ၊ ​အပြင်ပန်းအားဖြင့် သိပ်ပြီး မကြီးကျယ်လှသည့် Bar ပုံစံကို တစ်ချက် ဝှေ့ကြည့်ကာ လေ့လာလိုက်သည်။
ထို့နောက် တွေဝေမှုမရှိဘဲ Bar အတွင်းသို့ ပုံမှန်အတိုင်းပင် ဝင်သွား​တော့သည်။

Bar အတွင်းပိုင်းသို့ သူဝင်သွားလိုက်သည်နှင့် တစ်ပြိုင်နက် ဆူညံလှသည့် တီးလုံးသံတို့ကို စတင်ကြားလိုက်ရတော့သည်။ အလွန်းရိုးရှင်းလှသည့် အပြင်ဘက်ပုံစံနှင့်မတူပဲ အတွင်းပိုင်းမှာတော့ အရာအားလုံးဟာ သေသပ်စွာ ရှိနေပေသည်။ ထို့အတူပင် မထင်မှတ်စရာ လူအများအပြားဟာလဲ Bar အတွင်းတွင် သူ့အစုနှင့်သူ သောက်စားနေကြလေသည်။

အားလုံးကို ခြုံကြည့်လိုက်လျှင်လဲ တန်ဖိုးကြီးသည့် အတန်းအစားထဲမှ လူအများစုသာ ဖြစ်သည်ကို သူသတိထားမိလိုက်သည်။ ထိုလူတန်းစားများဟာ ဘာကြောင့် ဒီလို bar မှာ စုနေရသလဲဆိုတာကိုတော့ သူတို့ကိုယ်တိုင်ပင် သိပေလိမ့်မည်။

သို့​ပေမယ့် ထိုအမျိုးသားဟာ မျိုးစုံပျော်ပါးနေကြသည့် လူအများကို စိတ်မဝင်စားပေ။ ထို့ကြောင့် သူသွားချင်သည့် အခန်းဆီရောက်စေရန် reception ဆီသို့သာ တန်းမတ်နေအောင်သွားလိုက်လေသည်။

*အခန်းရှာပေးပါ *

Reception မှာ ထိုင်နေသည့် ကောင်လေးဟာ သူ့အာရုံနှင့်သူ အလုပ်လုပ်နေရာမှ ရုတ်တရက် အမျိုးသားတစ်ယောက်၏ ခပ်​ပြတ်ပြတ်ပြောလိုက်သည့် အသံကို ကြားလိုက်ရသည်မို့ မော့ကြည့်လိုက်မိသည်။ ထို့နောက် သူ့မျက်စိရှေ့က အမျိုးသားကို တွေ့လိုက်ရသည့်အခါမှာတော့ အနည်းငယ် အံ့သြမိသွားသည်မှာ မျက်နှာအထက် ဖုံးဖိမရလိုက်ပေ။

*ခင်...ခင်ဗျားက...*

စလာပါပြီ ထိုကဲ့သို့ ပြသာနာတွေ။ ထိုကောင်လေး ဘာကြောင့် သူ့ကို မြင်သည်နှင့် အံ့သြသွားသလဲဆိုတာကို သူသိပေသည်။ လူအသိများလောက်သည့် သူ့ပုံစံကြောင့် စိတ်ချရသည့်နေရာကို ရွေးချယ်ထားတာတောင် ဒီလိုစိတ်ခုစရာမျိုး ဖြစ်သွားတာကြောင့် သူစိတ်မရှည်တော့ပေ။

Mr. SubmissiveWhere stories live. Discover now