Part-31

10.4K 638 29
                                    

ကြည်ပြာလဲ့နေသည့် ပင်လယ်ပြင်ကြီး ဝန်းရံနေသည့် ကျွန်းကလေးတစ်ခု ၊၊ သာမန်ကျွန်းကလေးတစ်ခုသာ ဖြစ်ပြီး လူသူအရောက်နည်းသည့် နေရာမှာ ရှိနေသည့် ထိုကျွန်းကလေးဟာ နိုင်နိုင်း ယခုရောက်ရှိနေသည့် နေရာဖြစ်ပေသည်၊၊

Daddy ရဲ့ အမိန့်နဲ့ ရောက်လာရသည့် ဒီနေရာဟာ နိုင်နိုင်း မျှော်လင့်ထားတာထပ်ကို အများကြီးကွာဟ လှလေသည်၊၊ ဒီတစ်ကျွန်းလုံးမှာ နိုင်နိုင်းကလွဲလျှင် မည်သည့် ယောကျ်ားလေး တစ်ယောက်မှ မရှိဘူးဟု ဆိုလျှင် ယုံနိုင်စရာမရှိလောက်ပေမယ့် တကယ့်အဖြစ်မှန်ပင် ဖြစ်လေသည်၊၊

ထိုကျွန်းရဲ့ အလယ်တည့်တည့်မှာ သုံးထပ်အဆောက်အအုံကြီးဟာ ဘောလုံးကွင်းများကဲ့သို့ ပတ်ပတ်လည် ဝန်းရံကာ တည်ဆောက်ထားလေသည်၊၊ ထိုအဆောက်အအုံကြီးတစ်ခုလုံးကို အမျိုးသမီး သုံးယောက်က တာဝန်ယူကာ ကြီးကြပ်လျက်ရှိပြီး ထိုသုံးဦးအနက် တစ်ဦးဖြစ်သူ Laila ကတော့ Bangkok မှာ ဖြစ်သွားသည့် accident ကြောင့် ရာထူးအချခံထားရကာ အငယ်တန်းတွေကို လေ့ကျင့်ရေးပေးသည့် ရာထူးသို့ ပြန်ရောက်သွားခဲ့ရလေသည်၊၊

လူသူဝေးသည့် ကျွန်းကလေးမို့ ဘာမှမရှိဘူးဟုတော့ မထင်လိုက်ပါနှင့်၊၊ လေ့ကျင့်ရေး ပစ္စည်းများ၊ အသုံးအဆောင် ပစ္စည်းများဟာ ပြင်ပလောကကဲ့သို့ပင် ခေတ်မှီနေပါသည်၊၊ ကျွန်းပေါ်မှာ လေ့ကျင့်ရေးသင်တန်းသားပေါင်း ရာချီလောက်ရှိပြီး နိုင်နိုင်း ကဲ့သို့ပင် အသစ်ကလေးတွေလဲ ရှိသေးပါသည်၊၊ လေ့ကျင့်ရေးပေးသည့် အဓိက အရာတွေကတော့ ကိုယ်ခံပညာနဲ့အတူ စိတ်ဓာတ်ကြံ့ခိုင်ရေး သာဖြစ်ပြီး ရုပ်ရှင်ထဲက ဂိုဏ်းတွေလို သေနတ်ကဲ့သို့သော စတဲ့ စတဲ့  လက်နက်ရယ်လို့ တစ်ခုမှ မရှိပေ၊၊

ဒီကျွန်းဟာ Daddy နဲ့ မည်ကဲ့သို့ ဆက်စပ်နေသလဲ ဆိုတာကိုတော့ နိုင်နိုင်းလဲ တွေးလို့မရခဲ့ပေ၊၊ နိုင်နိုင်း သိတဲ့ Daddy ဟာ စီးပွားရေး သမားတစ်ယောက်သာ ဖြစ်သည်၊၊ ဒါပေမယ့် ဒီကလူတွေဟာ တစ်စုံတစ်ယောက်ကို သစ္စာခံဖို့ အသင့်ရှိနေကြသည့် သူများ ဖြစ်ကြသည် ဆိုတာကိုတော့ နိုင်နိုင်းသိထားပေသည်၊၊

ဒုတ် !

*အ့! *

တရားထိုင်နေရင်း မျက်စိမှိတ်ကာ ဟိုဟိုဒီဒီ လျှောက်တွေးနေရင်း ခေါင်းကို သစ်သားတုတ်နဲ့ အရိုက်ခံလိုက်ရသဖြင့် နိုင်နိုင်း ထိုလူကို မျက်လုံးလှန်ကာ ကြည့်လိုက်လေသည်၊၊

Mr. SubmissiveWhere stories live. Discover now