Part-39

9.8K 597 27
                                    

ကျွန်းပေါ်ကနေ ပြန်ရောက်ပြီး တစ်ပတ်အကြာမှာပင် တက္ကသိုလ်များ ပြန်ဖွင့်ပြီမို့ နိုင်နိုင်းတစ်ယောက် schedule တွေအပြည့်နှင့် အလုပ်များလာတော့သည်၊၊

တတိယနှစ်ကိုတော့ Daddy ကို ပြောထားသည့် အတိုင်း roll 1-10 ဝင်အောင် ဖြေနိုင်ခဲ့ပြီး သူသူကလဲ သူ့အစ်ကို ကတိပေးထားသည့်အတိုင်း နိုင်နိုင်းနည်းတူ roll ဟာ ထိပ်ဆုံးမှာပင် ဖြစ်လာတော့သည်၊၊

ထိုအခါ အောင်စာရင်းထွက်တဲ့ညက squad ထဲက သူငယ်ချင်းတွေဟာ သူသူနဲ့ သူ့ကို သစ္စာဖောက်တွေဆိုပြီး ဝိုင်းကာပြောဆိုခဲ့ကြသေးသည်၊၊ သူတို့ မသိသည်မှာ ထို roll နံပါတ်နှင့် ကျောင်းမထွက်ရခြင်းကို နိုင်းနိုင်း လဲလှယ်ခဲ့ရခြင်းဖြစ်ပေသည်၊၊ သူသူလဲ ထိုနည်း လည်းကောင်းပင် roll နံပါတ်ထွက်တဲ့ညမှ သူ့အစ်ကိုက သူ့ရဲ့ fan goods တွေကို ပြန်ပေးခဲ့သည်တဲ့၊၊

အခုတော့ စတုတ္ထနှစ်လဲ ရောက်လာပြီဖြစ်သလို အနုပညာအလုပ်ကိုလဲ မစွန့်လွှတ်နိုင်တဲ့ နိုင်နိုင်းဟာ အချိန်ဇယားတွေ အပြည့်နှင့် လှုပ်ရှားရပေတော့မည်၊၊

နိုင်နိုင်း ပထမဆုံး ရက်မှာပဲ ကျောင်းသို့ ကားကို ကိုယ်တိုင်မောင်းလာကာ ထုံးစံအတိုင်းပင် အတန်းထဲမသွားပဲ ထိုင်နေကြ canteen ဆီသို့ပဲ ခြေလှမ်းတို့ကို ဦးတည်လိုက်တော့သည်၊၊

လူက စတုတ္ထနှစ်လဲ ရောက်ပြီမို့ junior လေးတွေကြားမှာ လူရိုသေရှင်ရိုသေ နေသင့်ပြီမို့ fashion ကို အရင်ကလောက် ရှုပ်နေအောင်မဝတ်တော့ပဲ ရိုးရှင်းတဲ့ uniform နဲ့အတူ Gucci လွယ်အိတ်တစ်လုံးနဲ့ ပိုက်ဆံအိတ်၊ကားသော့ ကိုသာ လက်မှာ ကိုင်ကာ canteen ဆီသို့ ချီတက်လာခဲ့တော့သည်၊၊ နိုင်နိုင်း ကန်တင်းရောက်တော့ ဇွဲကောင်းတဲ့ ဟိုလေးကောင်ဟာ ရောက်တောင်ရောက်နေလေပြီ ဖြစ်သည်၊၊

*Hey yo! လောင်းတိုင်းနို့ဆီ *

*အိုမို! နင်...နင် နိုင်နိုင်းမှဟုတ်ရဲ့လား *

နိုင်နိုင်း ကျွန်းပေါ်က ပြန်လာကတည်းက ပထမဆုံး တွေ့တာမို့ ဟန်နီမက ပါးစပ်အဟောင်းသားနဲ့ ကြည့်လာလေသည်၊၊ သူသူကတော့ ရောက်ရောက်ပြီးချင်း နောက်နေ့မှာပဲ တွေ့ထားတာမို့ အံ့သြမနေတော့၊၊

Mr. SubmissiveWhere stories live. Discover now