Part-72

9.2K 580 52
                                    

Flash back>>>>>

*ကမ်းလှမ်းချက်က ဘာလဲ *

ချစ်တဲ့သူတွေကို ကာကွယ်ရမယ်ဆိုတဲ့ နောက်ဆုံးလက်ကျန် တင်းခံထားသည့် စိတ်လေးကြောင့် မောင် ရှေ့ဆက်လှမ်းနေသည့်  ခြေလှမ်းတို့ကို ပြန်ရုတ်သိမ်းကာ ဦးဖုန်းမြင့်အောင်ရှိရာ ခုံရှေ့၌ ပြန် ဝင်ထိုင်လိုက်တော့သည်၊၊
ထို့နောက် ထိုလူ၏ မျက်လုံးအား စေ့စေ့ကြည့်ကာ ဆိုလိုရင်းအား မေးလိုက်လေတော့သည်၊၊

*Empire Group ကို မင်း တာဝန်ယူပေးရမယ် *

ထိုစကားဟာ လုံးဝမျှော်လင့်မထားသည့် စကားဖြစ်တာမို့ မောင် တုန်လှုပ်မိသွားတာတော့ အမှန်ပင် ဖြစ်လေသည်၊၊ 

*ကျွန်တော် နားကြားများ မှားသလား *

မောင် သေချာအောင် ထိုလူကြီးအား ထပ်မံ၍ မေးလိုက်လေသည်၊၊

*မင်း ငါ့ကမ်းလှမ်းချက်ကို လက်ခံလိုက်တဲ့ အချိန်ကစပြီး မင်းဟာ Empire Group က ငါ့နေရာကို ရသွားလိမ့်မယ်*

ဤမျှလောက် ကြီးမားသည့် ကမ်းလှမ်းချက်ဟာ လူတိုင်း အတွက် မက်လောက်စရာပင် ဖြစ်သော်လည်း အခုဟာ အပေးအယူလုပ်နေခြင်း ဖြစ်တာမို့ အယူပြီးလျှင် မောင့် ဘက်က ပြန်ပေးရမည့် တန်ရာတန်ကြေးအကြောင်း မောင်ပြန်၍ စဥ်းစားရလေတော့သည်၊၊

*ဇမ်က အဲ့နေရာကို အလွယ်လေး ဖယ်ပေးလိမ့်မယ်လို့ ခင်ဗျား ထင်လို့လား *

ဇမ့်အကြောင်း ကြားသည့်အခါ ထိုလူကြီးဟာ နှုတ်ခမ်းကော့တက်မတပ် တစ်ချက်ပြုံးလာလေသည်၊၊

*ဇမ့်အတွက်ကတော့ မင်း တိုက်ခိုက်ရမှာပေါ့ ၊၊ ဇမ် သူက လူသတ်ထားတာ ပြီးတော့ လူသေအောင်လဲ ရာဇဝတ်မှုတွေ လုပ်ထားတာ၊၊  အဲ့အတွက် မင်းသူ့ကို မင်းနည်းမင်းဟန်နဲ့ ထောင်ထဲရအောင် ထည့်ရမယ်၊၊ ဒါက ငါ့ဘက်က ပထမဆုံး ပြန်တောင်းဆိုတဲ့ အချက်ပဲ *

ဇမ့်ကို ထောင်ထဲရအောင် ထည့်ခိုင်းသည့်အချက်နှင့် ပက်သက်ပြီးတော့ မောင် မတုန်လှုပ်မိပေ၊၊ ဘာ့ကြောင့်ဆို ဒီလောကမှာရှိသမျှ လူတိုင်းလာတားလျှင်တောင် Lucifer အားထိခိုက်အောင် လုပ်ထားသည့် ဇမ်ကို မောင့်ဘက်က အလွတ်ပေးရန် စိတ်ကူးမရှိသောကြောင့် ဖြစ်ပေသည်၊၊

Mr. SubmissiveWhere stories live. Discover now