*ကိုထူး!!*
နိုင်နိုင်းဟာ မောင့်အား မြင်တာနှင့် လက်ထဲက သစ်သီးခြင်း ကြီးအား ချကာ မောင့်အား ပြေးကာ ဖက်လာလေတော့သည်၊၊
*ကိုထူး !! ဘယ်လိုဖြစ်ရတာလဲဗျာ အင့် !! ကျွန်တော့် အစ်ကိုကို ဒီလိုဖြစ်အောင် အင့် !!. ..ဘယ်သူလုပ်တာလဲ*
နိုင်နိုင်းကတော့ မောင့်အားဖက်အား တစ်အိအိနှင့် ငိုလာလေတော့သည်၊၊ ထို့ကြောင့် မောင် ကိုယ်တိုင်ကပင် အကြီးပြီပြီ ဝမ်းနည်းစိတ်အချို့ကို ခေါက်သိမ်းလိုက်ကာ ငိုနေသည့် ကလေး၏ လက်မောင်းလေးအား ပုတ်ပေးလိုက်ရတော့သည်၊၊ မောင့် ရင်ထဲမှာတော့ "ငါ အဆင်ပြေပါတယ်ကွ နိုင်နိုင်းရ! " လို့ ဟန်ပါပါပြောလိုက် ချင်ပေမယ့် အခုတော့ မောင့်အနေနဲ့ ဤနည်းလမ်းနှင့်သာ ငိုနေသောကလေးအား နှစ်သိမ့်ပေးနိုင်ပေသည်၊၊
ထို့နောက် မောင့်အား မလွှတ်သေးပဲ ငိုနေသေးသော နိုင်နိုင်းအား မောင်နှင့် ကိုကိုကြီး နှစ်ယောက်လုံးဟာ ဘာမှမပြောပဲ ခဏတာ လွှတ်ထားပေးလိုက်လေသည်၊၊ မောင့်ရင်ထဲမှာလဲ မောင့်အား အမှန်တကယ် စိတ်ပူပေးနေသည့် မိသားစုဝင်တစ်ယောက် ပမာခံစားရသဖြင့် ရင်ထဲ၌ နွေးထွေးမှုတို့အား ခံစားမိပေသည်၊၊
ဤသို့နှင့် ဆယ့်ငါးမိနစ်ခန့် ကုန်ဆုံးသွားသည့် အခါမှာတော့ ကိုကိုကြီးဘက်မှစကား စပြောလာလေတော့သည်၊၊
*တော်တော့လေ နိုင်နိုင်း ၊၊ ခုမှ နေပြန်ကောင်းတဲ့ လူနာ နား အရမ်းသွားငိုနေရင် မင်းအစ်ကို ပိုခေါင်းကိုက်မှာပေါ့ *
အစကတော့ မောင်တို့အား ငြိမ်ငြိမ်လေး ရပ်ကာ ကြည့်နေသည့် ကိုကိုကြီးဟာ အသံတိတ်ငိုရာမှ ရှိုက်သံတွေပါ ထွက်လာသည့် သူ့ကလေးပုံအား မြင်သောအခါ ဝင်တားလာရတော့သည်၊၊
သူ့ Daddy ၏ စကားကြောင့် နိုင်နိုင်းမှာ မောင့်ရင်ခွင်ထဲကနေ ချက်ချင်းပင် ခေါင်းထောင်လာလေတော့သည်၊၊ ထို့နောက် မျက်ရည်ပလပွနှင့် သူ့မျက်နှာအား သူ့ဟာသူ လက်ဖမိုးနဲ့ ဖိသုတ်ကာ ခေါင်းအသာငြိမ့်ပြလာလေသည်၊၊
ထို့ကြောင့် မောင်လဲ ipad လေးအား တစ်ဖန်ကောက်ယူ လိုက်ကာ စာလုံးအချို့အား ရိုက်ကာ နိုင်နိုင်းအား ပြလိုက်ရတော့သည်၊၊

YOU ARE READING
Mr. Submissive
Romance"A Master without a submissive is a guy. Just a guy. " #Quotestest.com