နာရီဝက်ဆိုသော အချိန်ဟာ မည်ကဲ့သို့ ကုန်ဆုံးသွားသလဲ မောင် မသိပေ၊၊ ဂိုထောင်ဆီ ပြန်လှည့်လာသည့် တစ်လမ်းလုံး ချွေးတွေ ပြန်ကာ တုန်ရီနေသည့် မောင့်၏ ပုံစံဟာ မောင်ကိုယ်တိုင်လဲ ဘဝမှာ ပထမဆုံး ကြုံဆုံဖူးသည့် ခံစားချက်တစ်ခု ပင်ဖြစ်လေသည်၊၊
ရင်ထဲမှာ ဗြောင်းဆန်ကာ ဖြစ်နိုင်ချေအားဖြင့်လဲ သေချာသလောက် ရှိနေပြီ ဖြစ်သော်လည်း တစ်လမ်းလုံး မောင် ဆုတောင်းလာခဲ့သည်က ဂိုထောင်မှာ ဘာကိစ္စအထွေအထူးမှ ရှိမနေဖို့ပင် ဖြစ်ပေသည်၊၊
သို့သော် ဒီတစ်ခေါက်တော့ ကံကြမ္မာဟာ မောင့်အား မျပ်နှာသာ မပေးခဲ့ပေ ၊၊ ဂိုထောင်ရှိရာ စက်မှုဇုန်ထဲသို့ မောင့်၏ ကားလေး ချိုးဝင်လာလိုက်တာနှင့် ပြာယာခတ်ကာ ပြေးလွှားနေကြသည့် လူများဟာ မောင့်အား ရင်ဝကို ဆောင့်ကန်လိုက်သည့် ပမာပင် ၊၊
ထို့ကြောင့် ကားပင် သေချာမရပ်ရသေးခင်မှာပင် မောင် ကားတံခါးအား ဆွဲဖွင့်ကာ ဆင်းရန် ပြင်လိုက်လေသည်၊၊
*Boss! Boss! စိတ်လျော့ပါဗျာ၊၊ ဘာတွေ ဖြစ်နေတာလဲ ကျွန်တော်လဲ ရူးတော့မယ်ဗျ !*
ပြည့်စုံကတော့ မောင့်အား စိတ်ပူစွာ တားရှာပါသည်၊၊ သို့သော် မောင့်မှာ နှောင့်နှေးနေလို့ မဖြစ်ပေ၊၊ ထို့ကြောင့် ပြည့်စုံအား ဘာမှပင် ပြန်မပြောနိုင်ပဲ ကားပေါ်က ပြေးဆင်းကာ ပြေးလွှားနေကြသည့် လူများ၏ ကြားထဲ တိုးဝှေ့ကာ ဝင်သွားလိုက်လေသည်၊၊
မောင့် မျက်စိထဲ တွေ့ရသည့် လူအများမှာ နှာခေါင်းများအား ကိုယ်စီအုပ်ကာ ဂိုထောင်အတွင်းမှ အလုအယက် ပြေးထွက်လာကြခြင်း ဖြစ်ပြီး အပြင်ရောက်ပြီးသည့် လူများမှာလဲ ခွေယိုင်ကျကာ အန်သည့်သူက အန်နေလေတော့သည်၊၊
အခုလို အချိန်မှာ မောင့် အနေနဲ့ မည်သူ့ကိုမျှ မေးခွန်းသွားမေးနေလို့ မရပေ၊၊ ထို့ကြောင့် ခြေလှမ်းတို့အား အရှိန်မြှင့်ကာ မီးခိုးငွေ့များ ဖုံးလွှမ်းနေပြီဖြစ်သည့် ဂိုထောင်၏ အရှေ့သို့ ရောက်အောင် သွားလိုက်လေသည်၊၊
ထိုအခါ မောင် တွေ့လိုက်ရသည်က မှုန်ဝါးနေသည့် မြင်ကွင်းများသာ ဖြစ်ပြီး မီးခိုးငွေ့များဟာလဲ နေရာမလပ်ကို ရှိလို့နေပေသည်၊၊ မောင် ထိုအတိုင်းပဲ အလကား မနေပေ၊၊ မျက်စိကို တတ်နိုင်သလောက် အလုပ်ပေးကာ အပြင်ရှိ လူများထဲ၌ Lucifer အား လိုက်ကာ ရှာမိလေသည်၊၊
![](https://img.wattpad.com/cover/268281075-288-k687833.jpg)
YOU ARE READING
Mr. Submissive
Romance"A Master without a submissive is a guy. Just a guy. " #Quotestest.com