Vanilla Club ဆိုသည်မှာ မောင်တို့ မြို့ကြီးတစ်ခုလုံးထဲမှာမှ အဆင့်အတန်းမြင့်ကာ လူကုန်ထန် အသိုင်းအဝိုင်းတွေသာ လာလေ့ရှိသော Club ဖြစ်ပေသည်၊၊ သို့သော်လည်း အခြား club များလို ပေါ့ဆမှုမရှိပေ၊၊ သူတို့ ချမှတ်ထားသည့် စည်းကမ်းများအတိုင်း customer တိုင်းရဲ့ ID ကို သေချာ ကြပ်မတ်ကာ စစ်လေ့ရှိပြီး တတ်နိုင်သမျှ ပြသာနာမတတ်အောင်လဲ ထိန်းနိုင်ကြပေသည်၊၊
မောင်ကိုယ်တိုင်ကတော့ လူငယ်ဘဝကို အလွတ်လပ်ဆုံး ဖြတ်သန်းခဲ့တဲ့သူမို့ ဒီလို club တွေဟာ မောင့်အတွက် အံ့အားသင့်စရာ ဘာမှကိုမရှိပေ၊၊ သို့သော်လည်း နိုင်နိုင်းလို ကလေးကြတော့ မတူပေ၊၊ ကိုကိုကြီး ဘယ်လောက်အထိ စည်းကမ်းကြီးသလဲ ဆိုတာ သူသိထားပြီး နိုင်နိုင်းကလဲ သူ့ Daddy အရှေ့မှာဆို အမြှီးတောင် မလှုပ်ရဲပေ၊၊ နောက်ကွယ်မှာလဲ မောင့်လောက် ဖြစ်ဖြစ်မြောက်မြောက်ကို မလှည့်ပတ်တတ်တာမို့ နောက်ဆုံး မနေနိုင်တဲ့ မောင်ကပဲ နာမည်ဆိုး ခံယူကာ လူငယ်သဘာဝ ကို ခံစားခိုင်းရတော့သည်၊၊
အခုလဲကြည့် club ထဲရောက်တာနှင့် ကလေး ကစားကွင်း ခေါ်လာသလို သုံးယောက်သားလုံးဟာ ပါးစပ်အဟောင်းသားနှင့် ဖြစ်ပြီး တွေ့သမျှအရာတိုင်းဟာ သူတို့ အတွက် အထူးအဆန်းကို ဖြစ်လို့ နေလေသည်၊၊
VVIP card ကိုင်ထားတဲ့ မောင်ကတော့ first floor မှာ မနေပေ၊၊ ကလေးတွေကို ခေါ်ကာ VIP အထပ်သို့ တပ်လာခဲ့လိုက်တော့သည်၊၊ သို့သော် အထဲသို့ မဝင်ခင် သုံးယောက်သားလုံးကို ကြည့်ကာ မှာသင့်တာ မှာရသေးသည်၊၊
*ဟက်ရောင်တွေ ငါခုဏက မှာထားတာ မင်းတို့ မှတ်ထားတယ်နော် *
မောင် ပြောတော့ သုံးယောက်သားလုံးက ခေါင်းကို တစ်ဆက်ဆက်ငြိမ့်ပြလေသည်၊၊
*နိုင်နိုင်း ပြော၊၊ ငါခုဏက ဘာတွေမှာထားလဲဆိုတာ *
*No မိန်းမ၊ No hard alcohol ပြီးတော့ No ရန်ပွဲ *
*အင်း သိရင်ရပြီ *
ထို့နောက် မောင်လဲ စိတ်ချသွားတာမို့ ကလေးတွေကို ခေါ်ကာ အထဲဝင်ခဲ့တော့သည်၊၊
*ဝိုး ...*
အထဲရောက်တာနှင့် တစ်ခါမှ အတွေ့အကြုံမရှိဖူးသည့် ကလေးသုံးကောင်ဟာ ပြောင်လက်ကာ luxury ဆန်လှသည့် အပြင်အဆင်နှင့် bar counter အလန်းကြီးကြောင့် ပါးစပ်အဟောင်းသားနှင့် ဖြစ်နေလေတော့သည်၊၊ မောင်ကတော့ ဒါမျိုးတွေဟာ ထမင်းစားရေသောက်မို့ အေးဆေးပင် သူတို့ ပုခုံးကို ဖက်ကာ bar counter ဆီ ခေါ်ခဲ့လိုက်တော့သည်၊၊
YOU ARE READING
Mr. Submissive
Romansa"A Master without a submissive is a guy. Just a guy. " #Quotestest.com
