Part-59

7.5K 524 20
                                    

တစ်နေ့တာလုံး စိတ်ကော ၊လူကော ပင်ပန်းလို့ အပြီးမှာတော့ မောင့်အတွက် အနားယူဖို့ အချိန်လေး ရရှိလာပြီ ဖြစ်လေသည်၊၊ ဒီတစ်ခေါက် ဘန်ကောက်ခရီးစဥ်ဟာ အရင်အခေါက်များကဲ့သို့ အပျော်အပါးဆိုတာ နတ္တိ၊ အလုပ်ကိစ္စများနှင့် ကိုယ်ရေးကိုယ်တာတစ်ဖက် ဖြစ်နေတာမို့ မောင့်အနေနဲ့ သူငယ်ချင်းဖြစ်သူတွေ ပျော်ပါးဖို့ ခေါ်သည်ကိုတောင် ငြင်းဆိုခဲ့ရသည့် အဖြစ် ရောက်နေပေသည်၊၊

မောင် ဟိုတယ်ခန်းထဲသို့ ပြန်ရောက်တာနှင့် အဝတ်များကို အကုန်အဆင်ချွတ်ချကာ ရေနွေးနွေးလေးထဲ၌ စိမ်ရင်း ဝိုင်တစ်ခွက်နှင့် အပန်းဖြေနေတော့သည်၊၊ သို့သော်လည်း လူက လွန်စွာ ပင်ပန်းနေတာမို့ ဒီလောက်နှင့် စိတ်က ပျော်မလာခဲ့ပေ၊၊ အခန်းထဲ တစ်ယောက်ထဲ အထီးကျန်နေသည်မို့ ခန္ဓာကိုယ်ထဲမှ တစ်စုံတစ်ယောက်အား လိုချင်တပ်မက်သည့် စိတ်ဟာ ဖြစ်ပေါ်လာတော့သည်၊၊

*Lucifer...*

မောင့် နှုတ်ဖျားမှ Lucifer အား တမ်းတမိတော့သည်၊၊ အခုနေ စိတ်အလိုရှိလျှင် ကြိုက်သည့် ကျား၊မ မရွေး ခေါ်ယူ ပျော်ပါးနိုင်သော်လည်း မောင် လိုအပ်နေသည်က တစ်စုံတစ်ယောက်တည်းသာ ၊၊

ထို့ကြောင့် မလုပ်သင့်မှန်း သိသော်လည်း မောင့်အနေနဲ့ မနေနိုင်တော့ပဲ ရေချိုးကန် ဘောင်ပေါ်ရှိ ဖုန်းအား ကောက်ကိုင်ကာ ရေမြေခြားဆီမှ တစ်ယောက်သောသူထံ ဖုန်းခေါ်လိုက်တော့သည်၊၊

*အင်း ...မောင် *

ဖုန်းဝင်ပြီး ခဏအကြာမှာပင် ချက်ချင်း ပြန်ဖြေလာသည့် Lucifer ကြောင့် မောင့်ရင်ထဲ လန်းဆန်းသွားတာတော့ အမှန်ပင် ဖြစ်သည်၊၊

*သတိရလို့ ဖုန်းခေါ်လိုက်တာ *

မောင် ပြောရင်းပင် လက်တစ်ဖက်က ဝိုင်ခွက်အား ယူကာ ခန္ဓာကိုယ်၏ အပေါ်ပိုင်းသို့ လောင်းချလိုက်တော့သည်၊၊ ထိုအခါ ရစ်မူးထုံဝေသည့် ဝိုင်ရနံ့သင်းသင်းလေးဟာ မောင့်ရဲ့ အာရုံကြောတို့ကို လှုံ့ဆော်ပေးလေသည်၊၊

*အင်း...ကျွန်တော်လဲ သတိရတယ်၊၊ မဟုတ်ရင်တောင် အိမ်ပြန်ရောက်ရင် ဖုန်းခေါ်တော့ မလို့ပဲ *

Mr. SubmissiveWhere stories live. Discover now