Happy New Year

7.7K 526 91
                                    

နှစ်တစ်နှစ်ရဲ့ နောက်ဆုံးရက်ဖြစ်သည့် ဒီဇင်ဘာ 31 ရက်နေ့ဟာ ဆိုလျှင်ဖြင့် ပုံမှန်ထက် အလုပ်များလှသော နှစ်ဖြစ်ပေသည်၊၊ အခြားသော ကိစ္စများကြောင်းတော့ မဟုတ်၊၊ နှစ်သစ်ကူးကို အကြောင်းပြု၍ နည်းမျိုးစုံနှင့် ပျော်ပါးရန် ဇာတ်လမ်းဆင်နေကြသည့် လူများ၏ အကြံအစည်ကြောင့်ပင် ဖြစ်သည်၊၊

ဒါ့ကြောင့်မို့ ယနေ့ဟာ ပွဲလမ်းသဘင်တွေဆို အကြိုက်တွေ့လှသည့် မောင့်အတွက်တော့ schdule တွေဟာ ပြည့်လို့ လျှံလို့ နေလေသည်၊၊ Lucifer အတွက်ကတော့ နှစ်သစ်ကူးရက်မှာ အနားယူထားပြီး မသွားမဖြစ် သွားရမည့် countdown live တစ်ခုကိုသာ သွားရန် စီစဥ်ထားပေသည်၊၊

ထို့ကြောင့် schdule တွေ အရဆို ယနေ့မှာတော့ မောင်နှင့် Lucifer ဟာ အတူတစ်ကွ နှစ်သစ်ကူးညကို ဖြတ်သန်းနိုင်လိမ့်မည် မဟုတ်ပေ၊၊ သို့သော်လည်း Lucifer ဟာ Lucifer ပေပဲမို့ အစောကတည်းက ရာဇသံတစ်ခုကို ချမှတ်လာလေသည်၊၊

*ည 11 နာရီမကျော်ခင် နှစ်ယောက်သားလုံး အပန်းဖြေအိမ်တွင် ရောက်နေရမည် * ဟူသော အမိန့်ပင် ဖြစ်လေသည်၊၊

သူကိုယ်တိုင်လဲ သူ့အလုပ်ကိစ္စကို ရသလို ရှင်းထားမှာမို့ မောင့်ကိုလဲ အပျော်အပါးလျော့ကာ အချိန်မှီပြန်လာခိုင်းလေသည်၊၊ ဘာတွေများ ထူးခြားတာ လုပ်ဖို့လဲတော့ မောင် မသိပေမယ့် Lucifer ကိုလဲ မလွန်ဆန်ရဲတာမို့ သဘောတူခဲ့ရလေသည်၊၊

အချိန်ကား ည ကိုးနာရီ ထိုးခါနီး အချိန် ဖြစ်ပေသည်၊၊ မြို့လယ်ခေါင်ရှိ hotel တစ်ခုတွင် သူငယ်ချင်းများနှင့် ဝိုင်းကောင်းကာ ပျော်ပါးနေသည့် မောင်ဟာ လက်ကောက်ဝတ်မှ နာရီကို ကြည့်ရင်း ဖင်တစ်ကြွကြွ ဖြစ်နေလေတော့သည်၊၊

*ဟက်ရောင် ထူးမြတ်မောင်၊၊ မင်း လိပ်ခေါင်း ဖြစ်နေတာလားကွ ၊၊ တစ်ချက်မှကို မငြိမ်ဘူး *

မျိုးအောင်ဇင်ဆိုသည့် ဂေးကောင်က သူ့ဘေးနားမှာ ဘဲအလှလေးတစ်ဗွေကို ခေါ်ကာ နှိုက်မြည်းနေရင်းပင် မောင့်ကို ကြည့်ကာ ပြောလာလေတော့သည်၊၊ ထိုအခါ တစ်ဝိုင်းလုံးက လူတွေ အကြည့်ကလဲ မောင့်အပေါ်သို့ပဲ သက်ရောက်လာတော့သည်၊၊

Mr. SubmissiveWhere stories live. Discover now