Part-10

16.2K 777 54
                                    

နံနက်စောစော အချိန်သာ ရှိသေးပေမယ့် ထူးမြတ်မောင် ကတော့ သူ့ရဲ့ အလေ့အကျင့်အတိုင်း gym ခန်းထဲမှာပင် ရှိလို့နေလေသည်။ အရင်ကလဲ ခန္ဓာကိုယ် အဆီပိုမရှိအောင် gym ကစားခဲ့သလို အခုလို Lucifer နဲ့ တွေ့တော့လဲ ခန္ဓာကိုယ် ကြံ့ခိုင်အောင် ဆက်ကစားဖြစ်သည်။

ဒူ~ ဒူ~ ဒူ

ပြေးစက်ပေါ်မှာ ပြေးနေရင်း သူ့ရဲ့ ​i watch ဆီကနေ ဖုန်းလာနေတာမို့ ခေါ်ဆိုသူနာမည်ကို ကြည့်လိုက်တော့ သူ့ရဲ့ မာတာမိခင်ကြီး ဖြစ်နေလေသည်။ ဒါနဲ့ပဲ မောင်လဲ စက်ကို အရှိန်နှေးလိုက်ကာ နားကြပ်ကိုနှိပ်ပြီး ဖုန်းကိုင်လိုက်ရတော့သည်။

*ပြော မေမေ *

*​သားလတ်ရေ မင်း ဒီနေ့ အိမ်ထောင်ဖက် သွားတွေ့ရမှာ မေ့နေမှာဆိုးလို့ မေမေ လှမ်းသတိပေးတာ *

စလာပါပြီ သူ့ရဲ့ အမေကတော့။ဒီကိစ္စနဲ့ ပက်သက်ပြီး ထူးမြတ်မောင် သူ့အမေနဲ့ ထက်ပြီး ငြင်းခုန်ရဦးမှာမို့ ပြေး ​စက်ကို ရပ်ပစ်လိုက်ရသည်။

*မေမေရာ ဘာတွေ ဇယားလာရှုပ်နေပြန်ပြီလဲဗျာ *

*ဟဲ့ မင်း အမေ့ကို ဘယ်လိုပြောနေတာလဲ ။ အရင်ကလဲ သွားတွေ့နေကြ မဟုတ်ဘူးလား *

*အရင်က သွားတွေ့တာ မှန်တယ်လေ မေမေရာ။ ဒါပေမယ့် တစ်ယောက်နဲ့မှ အဆင်မပြေခဲ့ဘူး မဟုတ်လား *

ထူးမြတ်မောင် သူ့အမေရဲ့ ဒီလို အကျင့်ကြောင့် တကယ် စိတ်ရှုပ်မိသည်။ ငယ်ငယ်ကတည်းက ဂရုမစိုက်နိုင်ခဲ့ရင်လဲ ခုလို လွတ်လပ်နေတဲ့ အချိန်မှ လာဂရုစိုက်မနေပါနဲ့တော့။ သူ့ရဲ့ အိမ်ထောင်ဖက် ကိစ္စမှ လာရှုပ်နေရအောင် မေမေက သိပ်အတ္တကြီးတာပဲ။

*အေး မင်း ဒီအတိုင်းပဲ ဆက်မတွေ့ချင်တော့ရင် တစ်ခါတည်း အဆင်ပြေမဲ့ သူကို ရှာလိုက်တော့လေ။ မင်း အသက်ကို ဆယ်ကျော်သက်များ မှတ်နေလား ။ မင်းအသက်ကိုလဲ မင်းပြန်ကြည့်ဦး *

*မေမေရာ သားမှ မေမေ တွေ့ခိုင်းတဲ့သူ​တွေကို မကြိုက်တာ*

*သြော်.. ကြိုက်မကြိုက် မတွေ့ရသေးပဲ မင်း ဘယ်လို သိမလဲ *

ထူးမြတ်မောင် သူ့အမေနဲ့ ပြောရင်း မောလာတာမို့ ရေခဲသေတ္တာထဲက ရေတစ်ဘူးကို ထုတ်ကာ သောက်ချလိုက်သည်။

Mr. SubmissiveWhere stories live. Discover now