Part-8

16K 738 73
                                    

နိုင်နိုင်းတစ်ယောက် Daddy ဆီက အပြစ်ပေးခံရပြီး ခြေငြိမ်နေလေသည်။ ငြိမ်တယ်ဆိုတာကလဲ သူလိုချင်တာ ဘာမှမရှိသေးလို့ ဖြစ်သည်။ခြေသလုံးက ဒဏ်ရာကလဲ သက်သာလာပြီမို့ ဒီနေ့တော့ နိုင်နိုင်းတစ်ယောက် ကျောင်းသွားတက်ရတော့သည်။

နိုင်နိုင်းက အခုမှ အသက် ၂၀ သာရှိသေးသည့် ကောင်ကလေး ဖြစ်သည်။ Daddy က လိုလေသေး မရှိအောင် ထားလို့သာ လူတောတိုးပြီး အကုန်သိ အကုန်တတ်နေခြင်း ဖြစ်သည်။ တကယ်တော့ သူဟာ
သရုပ်​ဆောင် တစ်ယောက်ဖြစ်ရန် ကြိုးစားနေဆဲ တက္ကသိုလ် ကျောင်းသားလေး တစ်ယောက်သာ ဖြစ်လေသည်။

နိုင်နိုင်း  ကျောင်းဝင်းထဲသို့ ရောက်သောအခါ လွတ်တဲ့  နေရာတစ်ခုမှာ ကားကို parking ထိုးခဲ့လိုက်ပြီး အတန်းဆီသို့ မသွားဘဲ သူ့ သူငယ်ချင်းတွေ ရှိနေမည့် ကန်တင်းသို့သာ တန်းမတ်နေအောင် လာလိုက်တော့သည်။ လက်က နာရီကို ကြည့်လိုက်တော့ မနက် ၁၁ နာရီပင် ထိုးနေလေပြီ။ အမှန်ဆို ၁၁ နာရီဆိုတာ အတန်းမပြီးသေးပေ။ ဒါပေမယ့် သူတို့ အုပ်စုက သူငယ်ချင်းများက ဒီအချိန်ဆို ဆာလောင်နေကာ အတန်းလစ်ပြီး ကန်တင်းသို့ လစ် လာလေ့ရှိကြသည်။

သူကန်တင်းထဲဝင်သွားပြီး ထိုင်နေကြ ဆိုင်ထဲကို ဝင်သွားလိုက်တော့ လူအရမ်းတော့ ရှုပ်မနေပေ။ ဒါပေမယ့် ခုံတွေမှာတော့ သူ့နေရာနှင့်သူ အပြည့်တော့ ဖြစ်နေသည်။

*ဟဲ့ နိုင်နိုင်း! ငါတို့ ဒီမှာ *

ဟိုကြည့် ဒီကြည့်လုပ်မနတဲ့သူ့ကို သူ့ သူငယ်ချင်းမ ​မြတ်နိုးသူက လက်ဝေ့ရမ်းပြကာ လှမ်းခေါ်နေတာမို့ သူလဲ ထိုဝိုင်းရှိရာဆီသို့ပင် တန်းမတ်နေအောင် သွားလိုက်တော့သည်။

သူထိုဝိုင်းမှာ ထိုင်လိုက်တော့ အခြားဝိုင်းများမှ ဂျူနီယာ ကလေးများက သူ့ကို ပြုံးတုံ့တုံ့နဲ့ ကြည့်ကာ သူတို့ အချင်းချင်း တီးတိုးပြောကာ ရယ်မောနေကြသည်ကို သူ သတိထားလိုက်မိသည်။ ဒါမျိုးကတော့ သူ့အတွက် အဆန်း မဟုတ်တော့ပါ။ သူတို့ကျောင်းရဲ့ The whole King တစ်ဖြစ်လဲ online ပေါ်မှာ ရေပန်းစားသည့် သူ့လို လူအတွက်ကတော့ ဒါမျိုးက ဖြစ်နေကြမို့ ခုနောက်ပိုင်း သိပ်ပြီး အနေရမခက်တော့ပေ။

Mr. SubmissiveWhere stories live. Discover now