Part-54

8.8K 721 95
                                    

ဒီနေ့နဲ့ဆိုလျှင် Lucifer ၏ လျစ်လျူရှုခြင်း ခံနေရတာ သုံးရက် မြောက်နေ့ ဖြစ်လေသည်၊၊ ထို့အတူပင် မောင် အိပ်ယာပေါ်မှာ မအိပ်ပဲ ညတိုင်း ဆိုဖာပေါ်မှာပဲ အိပ်နေသည်မှာလဲ သုံးရက်မြောက်နေပြီ ဖြစ်ပေသည်၊၊ အဘယ့်ကြောင့်ဆိုသော် CCTV ကပြန်ကြည့်သည့် မှတ်တမ်းများအရ  Lucifer ညလုံးပေါက် မောင့်အား ထိုင်စောင့်ရင်း နေသွားသည့် နေရာဟာ ဧည့်ခန်းက ဆိုဖာမှာ ဖြစ်သောကြောင့်ပင်၊၊ လူခြင်းဝေးနေရသည့်အခါ အနည်းဆုံးတော့ Lucifer ၏ အငွေ့အသက်တို့ ကျန်နေသေးသည့် ဒီဆိုဖာလေးကသာ မောင့်အား အိပ်ပျော်စေလို့ ဖြစ်ပေသည်၊၊

မောင်တစ်ယောက် ပုံမှန် အချိန်အတိုင်းပဲ နိုးနေပေမယ့် ဆိုဖာပေါ်မှာပဲ ငူငူငိုင်ငိုင် ကြီး ထိုင်နေသည်မှာ မိနစ်ပိုင်းလောက် ကြာသွားပြီ ဖြစ်သည်၊၊ မနက်တိုင်း နိုးလာလျှင် Lucifer များ ပြန်ရောက်နေမလားဆိုတဲ့ အသိနဲ့ တစ်အိမ်လုံးကို ဝေ့ကြည့်လိုက်ပေမယ့် Lucifer ၏ အငွေ့အသက်တို့ ကင်းမဲ့နေသည့် အိမ်ကြီးကြောင့် မောင့်မှာ စိတ်ပျက်လက်ပျက် ဖြစ်ရပြန်သည်၊၊

ထို့နောက် အရှေ့က စားပွဲပေါ် ကြည့်လိုက်တော့လဲ ဝိုင် ပုလင်းများမှာ ထောင်တဲ့ ပုလင်းကထောင်၊ လဲတဲ့ ပုလင်းကလဲနှင့် မွစာကျဲနေလေသည်၊၊ အခုနေ မောင့်ပုံစံဟာ အသည်းကွဲနေသည့် လူတစ်ယောက်ပမာ ဖြစ်နေမှာ အမှန်ပင် ဖြစ်လေသည်၊၊ သို့သော် အသည်းကွဲနေခြင်းထပ် ခံရခက်သည်မှာ Lucifer ၏ လျစ်လျူရှုခြင်းပင် ဖြစ်လေသည်၊၊

မနက်တိုင်း အိပ်ယာနိုးတာနှင့် နိုးပြီဖြစ်ကြောင်း message ပို့ပေမယ့် ပြန်စာမရှိခဲ့သလို seen တောင် မပြခဲ့ပေ၊၊ မောင် မနက်စာမစားမှာ အမြဲစိုးရိမ်တတ်လို့ တစ်ဖွဖွ ချော့တစ်ခါခြောက်တစ်လှည့် ပို့လာမည့် message များလဲ မရောက်လာတော့၊၊ နေ့တိုင်း မောင့်ဘက်မှ အစောင်ရေ ၂၀ ထပ်မနည်း ပို့နေသည့် မောင့်ရဲ့ message များဟာ seen မပြသည်မှာ လွန်ခဲ့သည့် သုံးရက်တည်းကပင် ဖြစ်လေသည်၊၊

အစကတော့ Lucifer စိတ်တိုနေတုန်းခဏ မောင့်အား မောင်းထုတ်လိုက်သည်ဟု ထင်သော်လည်း အခုလို ပြတ်သားပြလာတော့ မနေတတ်တာ မောင်ပင် ဖြစ်လေသည်၊၊ တစ်နေ့နေလို့ Lucifer ၏ အသံကို တစ်ခါပင် မကြားရသည့်အပြင်၊ Lucifer ၏ အငွေ့အသက်များကိုပါ ရှူရှိုက်ခွင့် မရသည့်အခါ ထင်မှတ်မထားသည့် ကြောက်စိတ်တို့ဟာ မောင့်အား နေ့နေ့ညည နှိပ်စက်နေလေတော့သည်၊၊

Mr. SubmissiveWhere stories live. Discover now