ကံကောင်းသည်ဟုပဲ ယူဆရမလားမသိ၊ ဦးဖုန်းမြင့်အောင်နှင့် ချိန်းဆိုထားသည့် နေ့မှာပဲ မနက်မိုးလင်းတာနှင့် မောင့်အသံအိုးဟာ သက်သာလာပြီး စကားသံစတင်ကာ ထွက်လာလေတော့သည်၊၊ ထို့ကြောင့် တာဝန်ကျဆရာဝန်အား ခေါ်ကာ စစ်ဆေးမှုအချို့လုပ်လိုက်သည့်အခါမှာတော့ ရက်အနည်းငယ်ကြာတာနှင့် ပုံမှန်အတိုင်း ပြန်ဖြစ်တော့မည် ဆိုသည့်အကြောင်းအား သိခဲ့ရတော့သည်၊၊
မောင့်အတွက်ကတော့ စကားပြန်ပြောပြောနိုင်ခြင်း အလုပ်ချင်ဆုံးအရာမှာ Lucifer နှင့် စကားပြောခြင်း ဖြစ်ပေသည်၊၊ ထို့ကြောင့် ဆရာဝန်များ အခန်းထဲမှ ပြန်ထွက်သွားသည်နှင့် မောင် ကိုယ်ပိုင်ဖုန်းလေးအား စက်ဖွင့်ကာ Lucifer ထံသို့ ဆက်သွယ်လိုက်လေသည်၊၊
ဒူ~ ဒူ~ ဒူ~
ဖုန်းထဲမှ တုန်ခါသံအား နားထောင်နေရင်းပင် မောင့်ရင်ထဲ၌ ရင်ခုန်သံတွေ မြန်လာရတော့သည်၊၊ ဒီအတောအတွင်း မောင် Luciferအား ပြောချင်နေသည့် စကားများဟာ တစ်ခွန်းနှစ်ခွန်းမကပေ၊၊ ထို့ကြောင့် မောင် စိတ်လှုပ်ရှားစွာပင် စောင့်နေမိသည်၊၊
*ဟယ်လို မောင် ? *
တစ်ဖက်က ဖုန်းကိုင်ကိုင်ခြင်း မောင့်အား မေးလာတာမို့ မောင် စိတ်လှုပ်ရှားစွာနှင့်ပင် Lucifer ၏ အမည်အား ခေါ်မိလေသည်၊၊
*Lu...Lucifer. ..*
မောင့်ရဲ့အသံဟာ ပုံမှန်ကဲ့သို့ အင်အားအပြည့်အထိတော့ မရောက်သေးတာကြောင့် ခပ်တိုးတိုးလေးသာ ထွက်လာလေတော့သည်၊၊ သို့သော်လည်း ထိုအသံလေးကပင် မောင် မည်မျှလောက် Lucifer အား လွမ်းဆွတ်နေခဲ့သလဲဆိုတာ ပေါ်လွင်လှပေသည်၊၊
*စကားပြန်ပြောနိုင်ပြီပဲ မောင်၊၊ ကျွန်တော် ဝမ်းသာပါတယ်*
Lucifer ၏ စကားဟာ မောင့်အတွက်တော့ သာမန်ဆန်လွန်းလှပေသည်၊၊ ထို့ကြောင့် မောင်လိုချင်သည့် အနေအထားရောက်အောင် မောင်ကပဲ ဆွဲခေါ်ရတော့သည်၊၊
*ဝမ်းသာယုံပဲလား Lucifer *
*ကျွန်တော် ခင်ဗျားရဲ့ အသံကိုလွမ်းနေခဲ့တာ... *
Lucifer ၏ စကားသံထဲမှာ မောင်ပျော်ပါစေဆိုသည့် ဟန်ဆောင်သည့်ဟန် ဆိုတာ စိုးစဥ်းမျှမပါပေ၊၊ ထိုအစား ထိုစကားဟာ မောင့်၏ ရင်အား နွေးထွေးသွားစေရန် လုံလောက်လှပေသည်၊၊ Lucifer ဆီမှ ချစ်စကားလေးတွေကြားချင်မိလို့ စခဲ့ခြင်းဖြစ်ပေမယ့် ဒီလိုလေးနက်ခြင်းတွေ ပြန်ရလာသည့်အခါ မောင့်ရင်ထဲ ပိုလို့ ကြည်နူးမိလေသည်၊၊
![](https://img.wattpad.com/cover/268281075-288-k687833.jpg)
YOU ARE READING
Mr. Submissive
Romantik"A Master without a submissive is a guy. Just a guy. " #Quotestest.com