Part-52

8.1K 663 53
                                    

Empire group ၏ ရုံးချုပ်ကြီးဟာ အထပ်နှစ်ဆယ်ခန့်ရှိသည့် ကြီးမားလှသည့် အဆောက်အအုံတစ်ခု  ဖြစ်ပေသည်၊၊ မြို့လည်ခေါင်ရှိ စီးပွားရေးအချက်အချာ နေရာ၌ တည်ရှိနေပြီး ဝန်ထမ်းများ သောင်းနှင့်ချီခန့်အပ်ထားနိုင်သည့် အင်အားကြီး group တစ်ခုဆိုလဲ မမှားပေ၊၊

ထိုအဆောက်အဦးကြီး၏ အပေါ်ဆုံး ခေါင်မိုးထပ်တွင် suit  အပြာရောင်ကို အကျအနဝတ်ဆင်ထားသည့် သွယ်လျသည့် ခန္ဓာကိုယ်လေး၏ ပိုင်ရှင်ဖြစ်သူ ဇမ်တစ်ယောက်ဟာတော့ လက်ကြားထဲတွင် စီးကရက်တစ်လိပ်ကိုညှပ်ကာ ဟန်ပါပါ ဖွာနေရင်းပင် အပေါ်စီးကနေ လူအများအား ငုံ့မိုးကာ ကြည့်လို့နေပေသည်၊၊

တစ်ချိန်က နယ်စပ်တစ်ခုက အပျော်မယ်ဂေဟာမှ ဖျော်ဖြေရေးလုပ်သားလေးအဖြစ် လူတစ်ကာ၏ အသုံးတော်ခံ ဖြစ်နေခဲ့သည့် သူ့ရဲ့ ဘဝဟာ အခုများတော့ သူနဲ့ အိပ်ခဲ့သည့် လူအများ၏ အပေါ်တစ်ဆင့်မှာတောင် ရပ်နေနိုင်ပြီ ဖြစ်လေသည်၊၊

ဒီအရာတွေအားလုံးဟာ Daddy ဆိုတဲ့ လူကြီးရဲ့ ကျေးဇူးတွေသာ ဖြစ်သော်လည်း အခုနေတော့ ဇမ့်အနေနဲ့ ထိုလူကြီးအား တစ်ကူးတစ်ကကြီး ကျေးဇူးတင်မနေခဲ့ပါ၊၊ ထိုလူကြီးသည်လဲ အခုထိတိုင် ဇမ့်အား သူ့ရဲ့ ပါတနာတစ်ယောက်အနေနှင့် တရားဝင် အလေးပေးခဲ့ခြင်း မရှိခဲ့ပေ၊၊ ဇမ်ဟာ ယခုအထိတိုင် ထိုလူကြီး၏ personal လိင်ဖျော်ဖြေရေးလုပ်သား တစ်ယောက်သာသာပင် ဖြစ်ပေသည်၊၊

စဥ်းစားရင်းနှင့် ဇမ်ဟာ လက်တစ်ဖက်နှင့် တစ်ဆစ်ဆစ်နာကျင်နေဆဲဖြစ်သည့် လက်မောင်းသားတို့အား ဖွဖွကလေးတို့ထိလိုက်မိလေသည်၊၊
ထိုလူကြီးဟာ ခြေထောက်သာ ဒဏ်ရာရနေပေမယ့် မစွမ်းဆောင်နိုင်တော့ဘူးဟု မဆိုလိုပေ၊၊ ယခုအထိတိုင် ဇမ့်အား သူအလိုရှိလာတိုင်း ရောက်ရာအရပ်ကနေ ဆွဲခေါ်လာစေကာ ဆက်ဆံနေဆဲပင်ဖြစ်သည်၊၊ သို့သော် ကြင်နာမှုရယ်လို့ တစ်စွန်းတစ်စမှ မခံစားရပေ၊၊ အမြဲ သူနဲ့ ဆက်ဆံတိုင်း ထိုလူကြီးဟာ သားရိုင်းကြီးတစ်ကောင်ပမာ ဇမ့်အပေါ် ကြမ်းတမ်းတက်ကာ ခန္ဓာကိုယ်အနှံ့၌လဲ အရာမထင်သည့် နေရာဟူ၍ မရှိခဲ့ပေ၊၊ တစ်ခါတစ်ရံဆို ဇမ့်ရဲ့ ပေါင်အတွင်းသားလေးတို့အား ဆေးလိပ်မီးနှင့်ပါ တို့တတ်သေးသည်ဟု ပြောလျှင် ယုံနိုင်ကြလိမ့်မည် မထင်ပေ၊၊ သို့သော်လည်း ထိုအရာက အမှန်တရားတစ်ခုပင် ဖြစ်ပေသည်၊၊ 

Mr. SubmissiveWhere stories live. Discover now