ကိုကိုကြီးနဲ့ မောင်တို့ ဆုံကြမဲ့နေရာက luxury ဆန်တဲ့ bar တစ်ခုဖြစ်ပြီး ထိုနေရာတွင် ဘီလိယက်ခုံပါရှိသဖြင့် သူတို့ အသိုင်းအဝိုင်းထဲက လူအများစု လာလေ့ရှိသည့် နေရာတစ်ခု ဖြစ်သည်။ ကိုကိုကြီးနဲ့ ချိန်းထားတဲ့ အချိန်ကို မောင် နောက်မကျချင်တာမို့ နည်းနည်းစောစောလေး အိမ်ကနေ ထွက်လာခဲ့ပေမယ့် bar ရောက်တဲ့အခါမှာတော့ ဘီလိယက်ခုံမှာ ဘိလိယက်ထိုးနေပြီဖြစ်တဲ့ ကိုကိုကြီးအပြင် နိုင်နိုင်းဆိုတဲ့ ကလေးကိုပါ တွေ့လိုက်ရတာမို့ အနည်းငယ် အံ့သြမိသွားတာတော့ အမှန်ပင်။
*ဟင်... ကိုထူးရောက်ပြီလား Hi! *
မောင် ဘိလိယက်ခုံနား လျှောက်သွားတော့ နိုင်နိုင်းက အရင်ဆုံး သူ့ကို မြင်သွားတာမို့ သွက်လက်စွာပင် နှုတ်ဆက်လာလေသည်။ စောက်ကလေးက သူ့ Daddy နဲ့ အတူရှိနေတော့ မောင့်ကို ဆက်ဆံပုံက မျက်နှာချိုလေးနဲ့ ဖြစ်သည်။
*ကျွန်တော် အရင်စောထွက်လာတာ။ အခုတော့ ကိုကိုကြီးတို့က ပိုစောသွားတာပဲ *
*ဟုတ်တယ် မြတ်မောင်ရေ။ ဒီကလေးက မင်းနာမည်ကြားတာနဲ့ လိုက်မယ်ပဲ အတင်းလုပ်နေလို့ ခေါ်လာခဲ့လိုက်တာ *
ကိုကိုကြီးက ထောင့်နားလေးက အနီရောင်တစ်လုံးကို အာရုံစိုက်ကာ ထိုးလိုက်ရင်း မောင့်ကို စကားပြန်လာလေသည်။
*မင်းလိုချင်တာဖြစ်ပြီ မဟုတ်လားကွ။ ကိုယ့်ကို ဘာထပ်ဂျစ်တိုက်စရာ ရှိသေးလို့လဲ နိုင်နိုင်းရဲ့ *
မောင် နိုင်နိုင်းဆီကို မေးဆတ်ကာ မေးလိုက်တော့ ထိုကလေးက စပ်ဖြဲဖြဲနဲ့ သူ့ကို ကြည့်လာကာ...
*အခုတော့ ဘာမှမရှိသေးပါဘူး ကိုထူးရ။ ဒါပေမယ့် ရှိလာနိုင်ရင် ပိုအဆင်ပြေအောင် အခုထဲက ကိုထူးကို ဖားထားမလို့လေ ဟီး *
*အေးပါကွာ *
မောင် မနိုင်သလို ခေါင်းလေးသာခါကာ ဘေးနားက စားပွဲမှာ ဝင်ထိုင်လိုက်ပြီး ကိုကိုကြီးနဲ့ နိုင်နိုင်းတို့ နှစ်ယောက် ကစားနေတာကို ဘီယာလေးတစ်ပုလင်း သောက်ရင်း စောင့်ပေးနေလိုက်သည်။
ကိုကိုကြီးရဲ့ ပုံစံဟာ ထိုကလေးနဲ့ရှိနေလျှင် အမြဲ တက်ကြွနေတတ်သည်ကို မောင် သတိထားမိလေသည်။ နိုင်နိုင်းဆိုတဲ့ ကောင်စုတ်ကလေးကလဲ အခြားမှာသာ လူဆိုးလေးလိုလို၊ဂျစ်တူးလေးလိုလို လုပ်နေတာ ကိုကိုကြီးနဲ့များ အတူရှိနေလျှင် အရမ်းကို လိမ္မာကာ အရိပ်အကဲလဲ သိလှသည့် ကလေးဖြစ်သည်။
![](https://img.wattpad.com/cover/268281075-288-k687833.jpg)
YOU ARE READING
Mr. Submissive
Romansa"A Master without a submissive is a guy. Just a guy. " #Quotestest.com