Part-26

11K 705 89
                                    

မောင် တစ်ယောက် အောင်နိုင်သူ မျက်နှာနဲ့အတူ ချာလီ့ရဲ့ အခန်းထဲကနေ Lucifer ရဲ့ လက်ကို ဆွဲပြီး ထွက်လာတဲ့ အခါ အခန်းဝမှာ သူအတင်း ဆွဲခေါ်လာတဲ့ hotel ရဲ့ တာဝန်ရှိသူက အပူသည် မျက်နှာနဲ့ တောင့်တောင့်ကြီး ရပ်နေတာကို တွေ့လိုက်ရလေသည်၊၊

မောင်ကတော့ ဘာမှကို ဂရုမစိုက်တတ်သောကြောင့် လက်ထဲက master key ကိုသာ ထိုလူကြီးဆီ ပစ်ပေးလိုက်ပြီး အပြုံးလေး တစ်ခုကိုသာ စွန့်ကျဲကာ ထိုနေရာကနေ ထွက်လာခဲ့လိုက်သည်၊၊

ဓာတ်လှေကားထဲရောက်တော့မှ မောင် ဆုပ်ကိုင်ထားတဲ့ Lucifer ရဲ့ လက်ကို လွှတ်ပေးလိုက်သည်၊၊ ဒါပေမယ့် ဒီအချိန်မှာ နှစ်ယောက်လုံးအတွက် ပြောစရာတွေ များလှပေမယ့် ဓာတ်လှေကားဟာ နေရာကောင်း မဟုတ်တာ နှစ်ယောက်လုံး သိနေတာမို့ ဘာမှမဖြစ်ခဲ့ သလိုပဲ တစ်ယောက် တစ်ထောင့်ဆီရပ်ကာ နေလိုက်ပြီး အောက်ဆုံး ground ထပ်ကို နှိပ်လိုက်တော့သည်၊၊

Lucifer ကတော့ ပုံမှန် မျက်နှာ အနေအထားနဲ့ပဲ ဖြစ်ပေမယ့် မောင်ကတော့ ခုဏက သူလုပ်ခဲ့သမျှဟာ အရမ်းကို မိုက်လွန်းတယ်လို့ ကိုယ့်ကိုကိုယ် ခံစားမိတာမို့ အကျေနပ်ကြီး ကျေနပ်နေလေသည်၊၊

တင်!

မိနစ်အနည်းငယ်မျှ တိတ်ဆိတ်စွာ ကုန်ဆုံးအပြီးမှာ ဓာတ်လှေကားဟာ ground ထပ်ကို ရောက်လာပြီ ဖြစ်တာမို့ မောင်တို့ နှစ်ယောက်စလုံး ဓာတ်လှေကားထဲက ထွက်ကာ မောင့်ရဲ့ ကားဆီကိုပဲ ဦးတည်ကာ သွားလိုက်တော့သည်၊၊

ထိုအခါ ကားအပြင်မှာ ရပ်စောင့်နေတဲ့ ပြည့်စုံဟာ သူ့ Boss တစ်ယောက်ထဲပါမက Win ဆိုတဲ့ ကောင်လေးပါ ပါလာသဖြင့် အံ့သြတစ်ကြီး ဖြစ်နေပေတော့သည်၊၊

*ဟင်...Boss သူက ဘယ်လိုဖြစ်လို့ ...*

*ကားထားခဲ့ပြီး ပြန်တော့ ပြည့်စုံ *

မောင် အနောက်ခန်း ကားတံခါးကို ဖွင့်ကာ အရင်ဆုံး Lucifer ကို တက်ရန် မျပ်စပစ်ပြလိုက်ပြီး သူကတော့ စပ်စုကောင် ပြည့်စုံနဲ့ စကားပြောရပေဦးမည်၊၊

*ဟမ် ! ရုတ်တရက်ကြီး Boss ကလဲ *

ပြည့်စုံက သူ့ကို မောင်းထုတ်တာကို သိပ်ကြည်ပုံမရပေ၊၊ မျက်နှာကို မှုန်ကုပ်ကုပ်လုပ်ကာ ဘာမှမမြင်ရတဲ့ ကားအနောက်ခန်းကိုသာ လှမ်းလှမ်း ကြည့်နေတော့သည်၊၊

Mr. SubmissiveWhere stories live. Discover now