*ပြီး ပြီ *
နောက်ဆုံးတော့ မောင် အစွမ်းကုန်သည်းခံပြီး ဖျက်ပေးခဲ့တဲ့ Lucifer ရဲ့ မျက်နှာလေးဟာ သန့်စင်သွားလေပြီ ဖြစ်သည်။ မောင် မိတ်ကပ်ဖျက်တဲ့ ပစ္စည်းတွေကို ဘေးကခုံပေါ် ပြန်တင်လိုက်ပြီး နေရခက်နေတဲ့ အခြေအနေကနေ ရုန်းထွက်ရန် ပြင်လိုက်လေသည်။
*နေဦး မထသေးနဲ့ဦး *
Lucifer ရဲ့ ထပ်ပြီး တားဆီးလိုက်တဲ့ စကားကြောင့် မောင် Lucifer ကို မေးခွန်းများစွာပါနေတဲ့ အကြည့်နဲ့ မော့ကြည့်လိုက်လေသည်။
*လာ ဒီနား တိုးလာခဲ့ *
Lucifer က သူ့ရဲ့ မေးဖျားလေးကို တစ်ချက်တို့ကာ အနားသို့ ပိုကပ်လာရန် ဆိုလာပြန်သည်။ ဒါ့ကြောင့်မို့ မောင်လဲ ဖြည်းဖြည်းချင်းပဲ ကပ်သွားလိုက်တော့...
*အွန့် *
ရုတ်တရက် မောင့်ရဲ့ ခေါင်းအနောက်ကို ဖိကာ ကိုင်ခံလိုက်ရပြီး မောင့်ရဲ့ နှုတ်ခမ်းပါးတစ်စုံဟာ Lucifer ထံမှာ စားသုံးခြင်းကို ခံလိုက်ရတော့သည်။
မောင်တို့နှစ်ယောက်သားဟာ နမ်းနေကြတယ်ဆိုပေမယ့် Lucifer ရဲ့ အနမ်းတို့က စီးချက်ကျတယ်လို့ မဆိုသာလှပေ။ နမ်းတဲ့နေရာမှာတောင် မောင်ဟာ အလွှမ်းမိုးခံ လူတစ်ယောက်လိုသာ အနမ်းကို တုန့်ပြန်ခွင့်ပေးသည်။ သူကတော့ ဦးဆောင်ကာ မောင့်ရဲ့ နှုတ်ခမ်းတို့ကို ကြမ်းတမ်းစွာ စားသုံးနေခြင်းဖြစ်သည်။
မောင်လဲ နှုတ်ခမ်းချင်းတော့ နမ်းဖူးတာပဲမို့ အခက်အခဲတော့ မရှိလှပေ။ ဒါပေမယ့် တစ်ခုထဲသော အခက်အခဲက သူ့ရဲ့ တစ်နေရာက ထကြွလာခြင်းပင်ဖြစ်သည်။ သူ့ရဲ့ ခေါင်းကို တင်းကြပ်စွာ အကြမ်းပတမ်းဖိထားပြီး အနမ်းခံနေရတာမို့ ဒီလို ကျဥ်းကျပ်မှုကို သဘောကျသည့် မောင့်ရဲ့ စိတ်ကြောင့်လဲ ပါမည်ထင်သည်။
*အင် ! အွန်း! *
အချိန်အတိုင်းအတာ တစ်ခုအထိ နှုတ်ခမ်းချင်း တိုက်ပွဲဝင်အပြီးမှာတော့ မောင့် ဘက်က မောလာတာမို့ Lucifer ရဲ့ လက်မောင်းကို ပုတ်ကာ ရပ်ပေးရန် တောင်းဆိုရတော့သည်။ ထိုအခါ Lucifer က သူ့ရဲ့ အောက်နှုတ်ခမ်းကို တစ်ချက်လျှာနဲ့ ယက်ပြီးမှသာ လွှတ်ပေးလေတော့သည်။
![](https://img.wattpad.com/cover/268281075-288-k687833.jpg)
YOU ARE READING
Mr. Submissive
Romance"A Master without a submissive is a guy. Just a guy. " #Quotestest.com