Part-47

11.2K 751 137
                                    

*Lucifer...*

မောင့်ရဲ့ တိုးငြင်းလှတဲ့ ခေါ်သံအဆုံး Lucifer က မျက်နှာသေကြီးနှင့် ရှိနေရာမှ မောင့်ထံ မော့ကြည့်လို့လာလေသည်၊၊ ရုတ်တရက် မောင်နဲ့ မျက်လုံးခြင်း ဆုံသွားသည့် အခိုက်  Lucifer မျက်လုံးထဲက နားလည်ရခက်သည့် ခံစားချက်တို့ကို မောင် မြင်လိုက်ရပေသည်၊၊ ဒေါသထွက်နေသလားဆို ...အင်း သေချာပေါက်ဒေါသထွက်နေတာပေါ့၊၊ ဒါပေမယ့်လဲ ပုံမှန်ဒေါသထွက်နေသလို မဟုတ်ပဲ၊ အခုပဲ မောင့်ကို နောင်တရအောင် လုပ်မည့် ပုံစံ ဖြစ်နေလေသည်၊၊ ရုတ်တရက် မောင့်ရဲ့ ရုံးခန်းဟာ လေစိမ်းတွေ တိုက်လာသလို ခံစားလိုက်ရပြီး မောင့်တစ်ကိုယ်လုံး မွှေးညှင်းလေးတွေ ထလာသလိုပင် ခံစားလိုက်ရတော့သည်၊၊ ဒီနေ့တော့ မောင့်အတွက် ပြဿဒါးပင်၊၊

Lucifer က မောင့်ကိုတော့ ကြည့်နေပါသည်၊၊ သို့သော် ဘာမှမပြောလာပေ၊၊ ဒီအတိုင်း အမူအယာမဲ့နေသည့် မျက်နှာနှင့်သာ ဖြစ်ပေသည်၊၊ ဒါ့ကြောင့် အရိပ်အကဲ နားလည်သည့် မောင်ဟာ  ရိုးရာမပျက်တဲ့ အပြစ်ဝန်ခံနည်း အတိုင်းပင်  အမြန်ပင် ကြမ်းပြင်ထက် ဒူးထောက်ချလိုက်တော့သည်၊၊

အခုလိုအခြေအနေမှာ နိုင်နိုင်းနဲ့ မောင်နဲ့ မတူသည့် အချက်ဟာ မောင်နဲ့ Lucifer ဟာ role play တစ်ခုမှာ ပါဝင် စီးမြောနေကြသည့်  သမီးရည်းစားလို ဆက်ဆံရေးဖြစ်ပြီး နိုင်နိုင်းနဲ့ ကိုကိုကြီးတို့က ငယ်စဥ်ကတည်းက တစ်လေးတစ်စား ဆက်ဆံနေထိုင်ခဲ့ကြသည့် ဆက်ဆံရေးမျိုး ဖြစ်နေခြင်းပင်၊၊

ထို့အပြင် မောင့်အား သဘောကျပါသည်ဟု တစ်တွင်တွင်ပြောနေသည့် Lucifer ကြောင့်လဲ ဒီလို အခြေအနေမှာ မောင့်အတွက် ချွဲရင် ချွဲနိုင်သလောက် ပြစ်ဒဏ်ပေါ့လျော့နိုင်ပေသည်၊၊

*မောင် တကယ် ...တကယ် မှားသွားတာပါ၊၊ ဒီတစ်ခါတော့ တကယ် နောင်တရနေပါပြီ *

မောင့်ရဲ့ တကယ်ခြင်း ထပ်နေသည့် အပြစ်ဝန်ခံစကား အဆုံးတွင် မောင် မျက်လွှာကို ပင့်ကာ Lucifer အား ခိုးကြည့်လိုက်တော့ ခုဏက အတိုင်းပင် မောင့်အား မျက်နှာသေနဲ့ ကြည့်နေပြန်သည်၊၊

*Lucifer...ဟို *

ဒီလိုအခြေအနေမှာ မောင့်အနေနဲ့လဲ ဘာထပ်ပြောရမှန်း မသိတော့ပေ၊၊ ကိုယ့်ဘက်ကသာ အသေအလဲ တောင်းပန်နေပေမယ့် တစ်ဖက်က မလှုပ်မယှက်ရုံမကပဲ အကြည့်ပါ မလွှဲတာမို့ မောင့်အနေနဲ့ အရိုက်ခံရတာ ထပ်ပင် ပိုလို့ ခံရခက်နေတော့သည်၊၊ ဒုက္ခပါပဲ ကိုယ်က ချွဲပါမယ်ဆိုမှ သူက ပြန်ကောက်နေပြန်ပါပြီ၊၊

Mr. SubmissiveWhere stories live. Discover now