Part-15

12.5K 691 45
                                    

မောင် တစ်ယောက် အစည်းအဝေးခန်းထဲက ပြန်ရောက် ကတည်းက အလုပ်စားပွဲမှာထိုင်ရင်း အတော်အတန်ကြာ စဥ်းစားမိနေသည်။ နောက်ဆုံးတော့ မောင်လဲ ထပ်ပြီး စိတ်ရှုပ်မခံချင်တော့။ ကိုယ့်ဘက်က မဟုတ်တာ သွားလုပ်မှာမှ မဟုတ်တာပဲ။ ဒါ့ကြောင့် မောင် သူ့ရဲ့ ဖုန်းကို ကောက်ကိုင်လိုက်ကာ Lucifer ဆီ ဖုန်းခေါ်လိုက်လေသည်။

ဖုန်းက ဝင်သွားပေမယ့် Lucifer ဘက်ကနေ ဖုန်းပြန်မဖြေခဲ့ပေ။ ဒါနဲ့ပဲ မောင် လက်မှာ ပတ်ထားတဲ့ နာရီကို ငုံ့ကြည့်လိုက်တော့ 11 နာရီ ခွဲလောက်သာ ရှိသေးတာမို့ Lucifer ရဲ့ ရိုက်ကွင်းတွေက မနားသေးမှန်း သိလိုက်တော့သည်။ ဒါ့ကြောင့် မောင် ဆက်မခေါ်တော့ပဲ ဖုန်းကိုပြန်ချကာ အလုပ်ပဲ ဆက်လုပ်နေလိုက်တော့သည်။

တင်!

ထိုအချိန်မှာပင် မောင့်ရဲ့ ဖုန်းထဲသို့ message ဝင်လာတာမို့ ကြည့်လိုက်တော့ အတွင်းရေးမှူးဖြစ်သူ ပြည့်စုံ စီက ဖြစ်နေသည်။ ဒေါ်သံစဥ်ချို ချိန်းချက်ထားတဲ့ အချိန်အတိုင်း ပြန်ပို့ထားပေးခြင်း ဖြစ်ပေသည်။

*ည 8 နာရီ at XX bar *

မောင် ထိုနေရာနဲ့အချိန်ကို ကြည့်ကာ မျက်မှောင် ကျုံ့လိုက်မိသည်။ အလုပ်ကိစ္စဆွေးနွေးမှာပဲကို ဘာလို့ bar မှာလဲ ။ ပြီးတော့ ညဘက်ကြီး ။

တင် !

မောင် သွားသင့်၊ မသွားသင့် တွေဝေ​နေတုန်းမှာပဲ နောက်ထပ် ဖုန်းထဲသို့ ရောက်လာတဲ့ ပုံကြောင့် မောင် ဆဲလိုက်မိတော့သည်။

*လခွမ်း! *

AI ရဲ့ပိုင်ဆိုင်မှု ဖြစ်တဲ့ ကွန်ဒိုတစ်ခုမှာ ချစ်ကြည်နူးနေကြတဲ့ သူတို့ စုံတွဲနှစ်ယောက်ရဲ့ ပုံစံဟာ တကယ့်ကို မိုးမမြင် လေမမြင်နှင့်။ မောင့်ရဲ့ စိတ်နဲ့ဆို ခုချက်ချင်း ထို နှစ်ယောက်ကို ခေါ်ကာ အဲ့လောက် ကမျင်းရသလား ဆိုပြီးတော့ တစ်ယောက်တစ်ချက် ခေါင်းခေါက် ပစ်လိုက်ချင်တော့သည်။

ခုတော့ မတတ်နိုင်တော့ သားသမီးမကောင်း မိဘခေါင်း ဆိုသလို သူကပဲ အလျော့ပေးကာ သွားရပေတော့မည်။

အချိန်ကား နေ့လည် ၂ နာရီခန့်လောက် ဖြစ်သည်။ မောင် ကတော့ Company ကနေထွက်လာကာ Candy ရဲ့ အသစ်ထွက်မဲ့ MV ရိုက်ကွင်းကို ရောက်ရှိနေခြင်း ဖြစ်ပေသည်။ အခြား သူတို့ Company ရဲ့ အသစ်ကလေးတွေဆိုရင်တော့ ရိုက်ကွင်း အထိ မောင် လိုက်သွားလေ့မရှိပေမယ့် Candy ကတော့ Company နဲ့ လက်တွဲလာတာ ကြာပြီဖြစ်တဲ့အတွက် မောင် ကိုယ်တိုင် ရောက်လာခြင်း ဖြစ်ပေသည်။

Mr. SubmissiveWhere stories live. Discover now